-
Movie Name
-
Hwarang The Poet Warrior Youth(2016)
-
Year
-
2016
-
Generes
-
Comedy, Drama, Historical
-
Code
-
SKR0026
-
Type
-
Series
-
Size
-
6.15 GB
-
Country
-
Korea
-
Description
-
❤️Hwarang : The Poet Warrior Youth❤️
*****************************************
မြန်မာစာတန်းထိုး (အပိုင်း ၁ မှ ၂၀ ) အစ/ဆုံး
ဇာတ်လမ်းအကျဉ်း
ရှီလာပြည်မှ ပန်းထက်လှသော အမျိုးသားများနှင့် သမိုင်းမွေ ထီးနန်းရတနာ Hwarang ဇာတ်လမ်းတွဲ
ကိုရီးယားဒရမ်မာဇာတ်လမ်းများရဲ့ ရိုက်ကူးမှုအတိုင်း ရိုက်ကူးပြီး သီတင်းပတ်အနည်းငယ်အတွင်း ထုတ်လွှင့်ပြသတာမဟုတ်ဘဲ ဇာတ်လမ်းတွဲတစ်ခုလုံးကို ရိုက်ကူးပြီးမှ ထုတ်လွှင့်ပြသတဲ့သမိုင်းနောက်ခံ အချစ်ဇာတ်လမ်းတွဲဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာသာမက တရုတ်နိုင်ငံမှာပါ ထုတ်လွှင့်ပြသမယ့် ရုပ်သံဇာတ်လမ်းတွဲဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၉ ရက်နေ့ကနေ ဖေဖော်ဝါရီ ၂၁ ရက်အထိ အပတ်စဉ် တနင်္လာနှင့် အင်္ဂါည ၁၀ နာရီအချိန်တိုင်း KBS2 ရုပ်သံလိုင်းကနေ အပိုင်း ၂၀ တိတိ ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။ သရုပ်ဆောင်များအဖြစ် ပတ်ဆောဂျွန်း၊ ယောင်းရှစ်၊ SHINee အဖွဲ့ဝင် ချွဲမင်ဟို၊ BTS အဖွဲ့ဝင်ကင်ထယ်ယောင်းနဲ့ ဂိုအာရာ တို့ ပါဝင်ထားပါတယ်။ ကိုရီးယားရှေးခေတ် ရှီလာနိုင်ငံတော်ရဲ့ မြို့တော် ဆော်ရာဘိုမှ ချစ်ခင်နှစ်သက် ဆွတ်ပျံ့ဖွယ် အချစ်ဇာတ်လမ်းတစ်ပုဒ်ကို နန်းတွင်းရေးရာများနဲ့ ယှက်နွယ်ကာ ရိုက်ကူးတင်ဆက်ထားပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅ဝ၀ ခန့်တုန်းက ရှီလာနိုင်ငံတော်ကြီးကို လှုပ်လှုပ်ခတ်ခတ်ဖြစ်စေခဲ့တဲ့ အမျိုးသားအဖွဲ့ တစ်ခုရှိခဲ့ပါတယ်။ ဟွာရန်းလို့ခေါ်တဲ့ပန်းကလေးများကဲ့သို့ လှပသော အမျိုးသားများ သွားလာရာနေရာတိုင်းမှာ ရှီလာပြည်သူတွေဟာ သောင်းသောင်းဖြဖြ ကြိုဆိုဧည့်ခံမှုများရှိခဲ့ပါတယ်။ လူငယ် အမျိုးသားများ အကြောင်းကို စာရင်းပြုစုထားတဲ့ စာအုပ်ထဲက အမျိုးသား ၆ ဦးကို ရွေးချယ်ပြီးတော့ဖျော်ဖြေ ယှဉ်ပြိုင်မှုပွဲ တစ်ခုကို ပြုလုပ်ရန်စီစဉ်ခဲ့ကြပါတယ်။ သူတို့တွေကတော့ အရာရာမှာအနိုင်ရလိုပြီး လွတ်လွတ်လပ်လပ် နေလိုတဲ့ အောက်ခြေလူတန်းစားမှ ပေါက်ဖွားလာသူ ဆောင်းအူ၊ တိုင်းတပါးမှ လာတဲ့ ကျောင်းသားများ လိုပဲ ထက်မြက်ရဲရင့်ပြီး ဘုရင်ဖြစ်လိုသူ ဆန်းမက်ဂျုံး၊ ဘုရင်မကြီးကို သစ္စာတော်ခံသော အမတ်ကြီးရဲ့ သားဖြစ်ကာ အပျော်အပါးလိုက်စားပြီး အရာရာကို ပေါ့သေးသေးလို့ ထင်မှတ်ထားသူ ဆူဟို၊ ရှီလာပြည်မှ သြဇာအညောင်းဆုံး အမတ်ကြီးရဲ့ သားဖြစ်ကာ အနေအေးပြီး တည်ငြိမ်တဲ့ ဘန်လူ၊ ရှီလာပြည်မှ အမျိုးသမီးထုကို စစ်တမ်းကောက်လိုက်မည်ဆိုပါက ၁ဝ ဦးမှာ ၈ ဦးကရွေးချယ်ပေးမည့် အချောအလှဆုံး အမျိုးသား ယောအူးလ်၊ လေ့လာစူးစမ်းလိုစိတ်ပြင်းထန်ပြီး အပြစ်ကင်းစင်တဲ့ မျက်နှာထားကို ပိုင်ဆိုင်တဲ့ ဟန်ဆောင်းတို့ဖြစ်ကြပါတယ်။အဲဒီ လူငယ် ၆ ဦးကြားကို အောက်ခြေလူတန်းစားမှ ပေါက်ဖွားလာသူ ဖြစ်ပေမယ့်လည်း ထက်မြက်ပြီး ပျော်ပျော်ရွှင်ရွှင်နေတတ်သူ မိန်းကလေး အာရို ဝင်ရောက်လာသော အခါ သာယာ ပျော်ရွှင်ဖွယ် ကောင်းတဲ့ ရှေးခေတ် ကိုရီးယားအချစ်ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပေါ်လာခဲ့ပါတော့တယ်။
Gold Channel မှဘာသာပြန်တင်ဆက်သည်။