Movie Name
Mcfarland USA ( 2015)
Year
2015
Generes
Biography, Sport
Code
EN0131
Type
Movie
Size
600 MB
Country
Hollywood
Description
ကျွန်တော့်အမြင်မှာ အားကစားနဲ့လူမှုဘ၀ ထင်ဟပ်အောင် ရိုက်ပြထားတဲ့ ဒီဇာတ်လမ်းက ကြည့်သူတွေအတွက် အချိန်ကုန်ရကြိုးနပ်မယ့် မိသားစုအပန်းဖြေရင်းကြည့်လို့လည်းသင့်တော်တဲ့ ဇာတ်ကားလေးတစ်ကားလို့ ပြောချင်ပါတယ်။ နံမည်မကြီးသေးတဲ့ လူငယ်သရုပ်ဆောင်အများစု ပါဝင်ပေမယ့် လက်ရှိ IMDB rating 7.5 ရရှိထားတဲ့ ဒီဇာတ်ကားကို သေချာညွှန်းပေးလိုက်ရပါတယ် ဂျင်မ်ဝှိုက် (Jim White) က အမေရိကန်ပြည်ထောင်စု၊ အိုင်ဒဟိုပြည်နယ်ရဲ့ လူစည်ကားရာမြို့တော်ဖြစ်တဲ့ ဘွိင်ဇီ (Boise) မြို့မှာ ဘောလုံးအသင်းနည်းပြဆရာ လုပ်နေသူဖြစ်ပါတယ်။ တစ်ရက်တော့ ပြိုင်ပွဲမှာလျော့တိလျော့ရဲ ကစားသွားတဲ့ သူ့အသင်းသားတွေကိုဆူရာမှာ ဒေါသကြောင့်လက်ပါမိတဲ့အတွက် အလုပ်ထုတ်ခံလိုက်ရပါတယ်။ အဲ့ဒီနောက်မှာတော့ ဂျင်မ်က ဇနီး၊ သမီးနှစ်ယောက်နဲ့အတူ ကယ်လ်လီဖိုးနီးယားပြည်နယ်၊ ဆင်ခြေဖုံးမြို့လေးဖြစ်တဲ့ မက်ဂ်ဖားလန် (McFarland) ကိုပြောင်းရွှေ့ခဲ့ပါတော့တယ်။ အချိန်ကာလကတော့ ၁၉၈၇ခုနှစ်ပဲဖြစ်ပါတယ်။ နယ်မြေသစ်ကို စရောက်တဲ့ည စားသောက်ဆိုင်တစ်ခုမှာ ညစာစားပြီးပြန်အထွက် လက်တင်လူမျိုးတွေ အုပ်စုလိုက်မောင်းနှင်လာသော ကားတန်းရှည်ကြီးနဲ့ကြုံရာ သမီး ဂျူလီကို စနောက်မယ်ကြံတဲ့အတွက် ဂျင်မ့်မှာ ကားကိုအမြန်မောင်းထွက်ကာ ရှောင်ခဲ့ရပါတယ်။ အလုပ်အသစ်မှာ ဂျင်မ်က ကျောင်းတစ်ကျောင်းမှာ သိပ္ပံဘာသာရပ်သင်ကြားရေးတာဝန်နဲ့ ကာယသရုပ်ပြဆရာတာဝန်ကို ပူးတွဲယူရုံသာမက ကျောင်းရဲ့ ဘောလုံးအသင်းမှာလဲ တွဲဖက်နည်းပြလုပ်ရပါတယ်။ တစ်ရက်တော့ ကာယသင်တန်းချိန်မှာ ဒန်နီ (Danny)၊ ဒမက်ဂ်ဆီယို (Daamacio) နဲ့ ဒေးဗစ် (David) တို့ညီအစ်ကို သုံးယောက်ကို သူတို့မိခင်က အိမ်အလုပ်တွေမပြီးသေးဟုဆိုတာ အတင်းလာခေါ်သွားပါတယ်။ တဖြည်းဖြည်းနဲ့မှ မက်ဂ်ဖားလန်ရဲ့ တစ်အိမ်လုံးအလုပ်လုပ်မှ မိသားစုပြေလည်တဲ့ အခြေအနေကြောင့် ဆိုတာကို ဂျင်မ် နားလည်လာပါတယ်။ တစ်ခါလဲ ကျောင်းရဲ့ ဘောလုံးပြိုင်ပွဲမှာ ဒဏ်ရာကြောင့်နာနေတဲ့ ကစားသမား ဂျွန်နီ (Johnny) ကို ခေါင်းဆောင်နည်းပြက ပွဲမှာပြန်ကစားဖို့ အတင်းထည့်နေတာကို ဂျင်မ်က မကစားခိုင်းတဲ့အတွက် ခေါင်းဆောင်နည်းပြက စိတ်ဆိုးသွားပြီး ဂျင်မ်ကို ဝင်မစွက်ဖို့ ကျောင်းအုပ် ကမီလ်လို (Camillo) ကိုသွားတိုင်ပါတယ်။ နောက်တစ်ရက် ကာယလေ့ကျင့်ချိန်မှာ ကျောင်းသားများ အပြေးလေ့ကျင့်နေတာကို သမီးငယ် ဂျေမီနဲ့ အတူကြည့်နေရာ သမီးငယ်က သူ့ရဲ့ ကျောင်းသားတွေရဲ့ အံ့မခန်းပြေးနိုင်ပုံကို ချီးကျူးတဲ့အခါ သူတို့လေးတွေကို အဖွဲ့ဖွဲ့ပြီး ကျောင်းပေါင်းစုံ အပြေးပြိုင်ပွဲမှာ ဝင်ပြိုင်စေဖို့ အကြံရသွားပါတော့တယ်။ အားကစားအသင်းဖွဲ့ဖို့နဲ့ ပြည်နယ်အပြေးပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုဖို့ ကျောင်းအုပ် ကမီလ်လိုဆီမှ ခွင့်ပြုချက်ရရန် အတိုက်အခံ ကြိုးစားပြီးတဲ့အခါမှာတော့ ဂျွန်နီ ၊ ဗစ်တာ ၊ ဒန်နီ၊ ဒမက်ဂ်ဆီယို၊ ဒေးဗစ်၊ ဂျိုဇေးကာဒီးနားစ် နဲ့ တောမတ်စ် စတဲ့ ဆရာအသစ်ကို မယုံကြည်တဲ့ ဂျစ်ကန်ကန်ကျောင်းသား ၇ ယောက်ပါတဲ့ အသင်းကိုဖွဲ့ဖြစ်သွားပါတယ်။ မပြည့်စုံတဲ့ လက်တင်မိသားစုများမှ ပေါက်ဖွားလာတဲ့ ၊ မနက်ကိုနေမထွက်ခင်အစောကြီးထ ၊ မိသားစုနဲ့အတူ လယ်စိုက် ၊ ကျောင်းချိန်ရောက်တဲ့အခါ မိုင်များစွာဝေးတဲ့ လယ်တောကနေ ကျောင်းကို ခြေကျင်လာရတဲ့၊ မိဘတွေကိုယ်တိုင်ကလည်း ရေးတတ်ဖတ်တတ်ရုံ ပညာတတ်ရင်တော်ပြီလို့ တွေးကြတဲ့ ဘဝတွေကလာကြပေမယ့် ဇွဲရှိတဲ့၊ ပညာလိုလားတဲ့ တပည့်တွေရဲ့ အကြောင်းကို တဖြည်းဖြည်းနားလည်လာတဲ့အခါ ဂျင်မ်တစ်ယောက် မက်ဂ်ဖားလန်အပြေးအသင်း အောင်မြင်အောင် အစွမ်းကုန်ကြိုးစားပါတော့တယ်။ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ အားကစားနောက်ခံ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပြီး နှစ်အတော်ကြာဝေးနေတဲ့ အောင်မြင်မှုသရဖူကို မယုံကြည်နိုင်လောက်တဲ့ ကြိုးစားမှုမျိုးနဲ့ ရယူပိုင်ဆိုင်သွားတဲ့ ဆီဂိမ်းဘောလုံးပြိုင်ပွဲမှ မြန်မာဘောလုံးအသင်းရဲ့ အောင်မြင်မှုလိုပဲ ဒီဇာတ်လမ်းထဲက မက်ဂ်ဖားလန်အသင်းကရော အားကစားဝတ်စုံတောင်မဝယ်နိုင်အောင် ချို့တဲ့တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ မထင်မရှားမြို့ငယ်လေးရဲ့ ကိုယ်စားပြုအသင်းမှသည် ပြည်နယ်အဆင့်အထိ အောင်မြင်မှုရအောင် ဘယ်လိုကြိုးစားသွားလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲ ဆက်လက်ရှုစားစေချင်ပါတယ်။