Movie Name
Wok Of Love(2018)
Year
2018
Generes
Comedy, Drama, Romance
Code
SKR0106
Type
Series
Size
5.46 GB
Country
Korea
Description
: ချစ်ခြင်းဖွဲ့ဒယ်အိုးလေး Wok Of Love (2018) TYMMtv ပရိတ်သတ်ကြီးကိုကားသစ်လေးတစ်ကားနဲ့ ထပ်မံမိတ်ဆက်ပေးပါရစေ . အစားအစာကြိုက်တဲ့သူတွေ တော်တော်လေးနှစ်ခြိုက်ကျမှာပါ ဘာလို့လဲဆိုတော့ စာဖိုမှူ းကားလေးဖြစ်နေလို့ပါပဲ။ မင်းသားအနေနဲ့ကတော့မင်းသားကြီး Jang Hyuk ပါ သူ့ကိုတော့Faded to Love You,Money Flower နဲ့ လူသိများပြီး မြန်မာပရိတ်သတ်တွေနဲ့သိပ်မစိမ်းလှသူပါ။ မင်းသားနောက်တစ်ယောက်ကတော့ 2PM ထဲက အဆိုတော်ချောလေးLee Jun-ho ပါ သူ့ကိုတော့Just Between Lover နဲ့လူသိများပါတယ် မင်းသမီးကတော့ကျနော်တို့အချစ်တော်Jung Ryeo-Won သူ့ကိုတော့ထွေထွေမိတ်ဆက်စရာမလိုပဲ ကိတ်မုန့်ချစ်သူနဲ့ မြန်မာပရိတ်သတ်တွေအခိုင်အမာရခဲ့ပြီး မနှစ်ကလည်း ကဝေကစားပွဲဆိုတဲ့ကားလေးထွက်ခဲ့ပါသေးတယ် ဇာတ်လမ်းအကျဉ်း ဒိုချယ်ဆောင်းက လူမိုက်ခေါင်းဆောင်တစ်ဦးပါ တစ်နေ့ပြိုင်ဘက်တစ်ယောက်ရဲ့ တိုက်ခိုက်ခြင်းကိုခံရပြီး လူမိုက်ဘဝကိုစွန့်လွှတ်ကာ တရုတ်စားသောက်ဆိုင်လေး ဖွင့်ထားပေမယ့် ဘယ်သူမှလာမဝယ်စားကြပါဘူး အရသာဆိုးဝါးလို့ပါ😆 ဆိုးပေါင် ကတော့ နာမည်ကြီးဟိုတယ်ရဲ့စားဖိုမှူးတစ်ယောက်ပါ သူ့ကြောင့်ဟိုတယ်က တစ တစနာမည်ကြီးလာပြီး five star ကိုပင်ရှိအောင်စွမ်းဆောင်နိုင်သူပါ ဟိုတယ်ဒါရိုက်တာနဲ့သူ့လကာပ်တော့မယ့်ချစ်သူနဲ့ ဖောက်ပြန်နေတာသိရှိပြီးနောက်ဟိုတယ်မှထွက်ကာ ဒါရိုက်တာကိုလက်စားချေချင်စောနဲ့ ဒိုချယ်ဆောင်းစားသောက်ဆိုင်မှာစားဖိုမှူး ဝင်လုပ်ပါတော့တယ် ဒန်ဆဲဝူ ဆိုတဲ့ကောင်မလေးကတော့ပေါ့ပေါ့ပါးပါးနေတတ်ပြီး ပွင့်ပွင့်လင်းလင်း ဟန်မဆောင်တမ်းပြောတတ်တဲ့ ရွှေပေါ်မြတင် သူဌေးသမီးလေးပါ မြင်းစီးအရမ်းဝါသနာပါပြီး မြင်းတွေကိုအရမ်းချစ်သူပါ ကိုရီးယားအစားအသောက်တွေကို ကြိုက်နှစ်သက်သူလေးပါ တစ်နေ့သူမလက်ထပ်ပွဲအကြို ဓာတ်ပုံရိုက်ဖို့ အလှပြင်ဆိုင်မှာ ဒိုချယ်ယောင်းနဲ့ဆုံပါတယ် ဒိုချယ်ယောင်းကမြင်မြင်ချင်း ဒန်ဆဲဝူလေးကိုနှစ်သက်သွားပါတော့တယ် အဲ့ဒိ့ကတည်းကသူမနောက်ကို တကောက်ကောက်လိုက်ပြီး လက်ထပ်ပွဲကိုပျက်စေချင်ပါတော့တယ် ဒန်ဆဲဝူ မှ ဒန်ဆယ်ဝူဆိုတဲ့ ဒိုချယ်ယောင်း စားဖိုမှူ းတွေကိုမှ ပိုကြွေမိသွားတဲ့ ဒန်ဆဲဝူ ကလဲ့စားချေဖို့လုပ်နေတဲ့ စားဖိုမှူးလေးဆိုးပေါင် ဘာတွေဘယ်လိုဆက်ဖြစ်မယ်ဆိုတာတော့...... #TYMMtvcomမှတင်ဆက်သည်