Movie Name
Munich (2005)
Year
2005
Generes
Action, Thriller
Code
EN0142
Type
Movie
Size
994 MB
Country
Hollywood
Description
ပါလက်စတိုင်းမြေကို ဂျူးတွေက သူတို့ဘိုးဘွားတွေပိုင်တဲ့ မြေဆိုပြီး ကျူးကျော်ဝင်ရောက် နေထိုင်တယ် ။ ပါလက်စတိုင်းပြည်သူတွေဟာ သူတို့မြေကို ဖယ်ပေးလိုက်ရပြီး ဒုက္ခသည်စခန်းတွေမှာ လူမသိ သူမသိပဲ ၂၄ နှစ်တိတိ နေလိုက်ရတယ် ။ နှစ်စဉ်နှစ်တိုင်း အစ္စရေးတွေကြောင့် ပါလက်စတိုင်းတွေ သွေးမြေကျတာ ဘယ်သူမှ မသိဘူး ။ % buffered 00:00 -00:04 Download Your browser does not support the video tag. သူတို့ရင်ထဲမှာတော့ တစ်နေ့တော့ ပါလက်စတိုင်း နိုင်ငံတော်ကြီးပြန်လည်တည်ဆောက်ကြမယ့် အိပ်မက်တွေ ဆုပ်ကိုင်ထားတယ် ။ ကမ္ဘာကြီးပေါ်က အမေ့အလျော့ခံ ပါလက်စတိုင်းတွေဟာ တစ်နေ့တော့ ဂျာမဏီနိုင်ငံမှာ ကျင်းပနေတဲ့ ၁၉၇၂ အိုလံပစ်ပွဲမှာ အစ္စရေး အားကစားသမားတွေကို ပြန်ပေးဆွဲပြီး သတ်ပစ်လိုက်ကြတယ် ။ လူတွေဟာ ပါလက်စတိုင်း ဒုက္ခသည်တွေကို ဂရုစိုက်မိအောင်ပေါ့ ။ အစ္စရေးအစိုးရဟာ ချက်ချင်းပဲ ဂျူးမျိုးချစ်လူငယ် လူလေးယောက်ကို စေလွှတ်ခဲ့တယ် ။ မြူးနစ်အိုလံပစ်အကြမ်းဖက်မှုရဲ့နောက်ကွယ်က လူ ၁၁ ယောက်ကို တိတ်တဆိတ် လုပ်ကြံသတ်ဖြတ်ဖို့ပေါ့ ။ ဂျူးနဲ့ ပါလက်စတိုင်းဘယ်သူတွေဟာ ကမ္ဘာ့အလယ်မှာ တကယ် သနားဖို့ကောင်းလဲ ဆိုတာ ဒီရုပ်ရှင်ကပြသသွားတယ် ။ တကယ်တမ်း တွေးစရာအချက်က ပါလက်စတိုင်းတွေဟာ တကယ်ပဲ အကြမ်းဖက် ခဲ့သလား ? ဂျူးတွေဟာ သူတို့နိုင်ငံ ပြန်ပေးရမှာကြောက်လို့ ပါလက်စတိုင်းတွေကို လူတွေ မုန်းပြီး အထင်လွဲအောင် သူတို့ကိုယ်တိုင်ပဲ တမင်တကာ ပြုလုပ်ခဲ့သလား? ဆိုတာတော့ စိတ်ဝင်စားစရာပါပဲ ။ ကမ္ဘာ့အလယ်မှာ အထူးသဖြင့် မူဆလင်နိုင်ငံတွေရဲ့ အလယ်မှာ တစ်ကိုယ်တည်း ရပ်တည်ဖို့ဆိုတာ လှည့်ကွက်တွေ မျက်ရည်ခြူကွက်တွေ မပါပဲနဲ့တော့ ဘယ်နိုင်ငံကမှ အစ္စရေးနိုင်ငံဖြစ်လာဖို့ ထောက်ခံခဲ့မှာ မဟုတ်ဘူး ဆိုတာပါပဲ ။ ဂျူးတွေကပဲ လုပ်ဇာတ်နဲ့ မျက်ရည် ခြူမလား? ပါလက်စတိုင်းတွေကပဲ တကယ်ဆိုးသလား ? ဆိုတာတော့ …. ဇာတ်ကားနဲ့မဆိုင်ပါဘူး ဒါ ကျနော့ အတွေး သက်သက်ပါ