Movie Name
PITCH PERFECT 2
Year
2015
Generes
Comedy
Code
EN0151
Type
Movie
Size
902 MB
Country
Hollywood
Description
Pitch Perfect 2 ဟာ ၂၀၁၅ခုနှစ်က ထွက်ရှိခဲ့သော အမေရိကန်ဟာသကားဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်တွင် ထွက်ရှိခဲ့သော Pitch Perfect ၏ နောက်ဆက်တွဲကားလည်း ဖြစ်ပါတယ်။ ဂီတ-ဟာသ များတွင် ယခုထက်ထိ ဝင်ငွေ အများဆုံးရရှိထားသော ဇာတ်ကားဖြစ်ပါတယ်။ IMDb Rating 6.5/ 10 ရရှိထားပြီး Rotten Tomatoes တွင် 66% Rating ရရှိထားပါတယ်။ ဒီရုပ်ရှင်ထဲမှာ Cappella သီဆိုခြင်း ကို အဓိကထားပြီး ဇာတ်အိမ်တည်ထားပါတယ်။ Cappella သီဆိုခြင်း ဆိုတာကတော့ တူရိယာ မပါဘဲ အဖွဲ့တစ်ဖွဲ့တွင်ပါဝင်သော လူများကပဲ သီချင်းများကို သီဆိုခြင်း၊ ပါးစပ်ဖြင့် Beatbox သံလုပ်ခြင်းအပါအဝင် တူရိယာသံလုပ်ခြင်းများကို ကိုယ်တိုင်ဖန်တီး၍ လုပ်ဆောင်ရခြင်းဖြစ်ပါတယ်။ % buffered 00:00 -00:08 Download Your browser does not support the video tag. ဇာတ်လမ်းအကျဉ်းကတော့ အမေရိကန်သမ္မတ Barack Obama ၏ မွေးနေ့ပွဲတွင် Bella အဖွဲ့က ဖျော်ဖြေဆင်တင်ဆက်ရာမှ ဖြစ်ပွားခဲ့ရသော အမှားတစ်ခုကြောင့် Bella အဖွဲ့၏နာမည်ကျဆင်းခဲ့ရပြီး ဖျော်ဖြေရေးခရီးစဉ်များကို ပိတ်ပင်ခဲ့သောကြောင့် နာမည်ကောင်း ပြန်လည် ရရှိဖို့ရန်အတွက် ကမ္ဘာ့ Cappella ပြိုင်ပွဲတွင် အနိုင်ရရှိစေရန် အစွမ်းကုန် ကြိုးစားအားထုတ်ရပါတော့တယ်။ Jesse J ၏ Flashlight သီချင်းကို အဓိကဇာတ်ဝင်တေး အဖြစ်ခံစားရမှာဖြစ်ပြီး အခြားနာမည်ကြီးသီချင်းများစွာ ကိုလည်း ပုံစံအသစ်ဖြင့် နားဆင်ရမှာပဲဖြစ်ပါတယ်။ ထို့အပြင် လွတ်လပ်သော လူငယ်ကျောင်းသားဘဝ၊ Teamworking၊ သူငယ်ချင်းချစ်ခြင်းမေတ္တာတို့ကို ဟာသနှောကာ ရူစားရမှာပဲဖြစ်ပါတယ်။