Movie Name
Runner Runner (2013)
Year
2013
Generes
Crime
Code
EN0162
Type
Movie
Size
805 MB
Country
Hollywood
Description
Richie Furst ဟာ Princeton ကောလိပ်ကျောင်းသားတစ်ယောက်ဖြစ်ပြီး ကျောင်းလခအတွက် အင်တာနက်မှာ ဒီတစ်ခေါက်မှာ Richie ဟာအင်တာနက်က လူလိမ်တစ်ယောက်ဆီမှာ ပိုက်ဆံတွေရှုံးသွားခဲ့ပါတယ်။ Richie ကအဲဒီ့လူလိမ်ဖြစ်တဲ့ Ivan Block ဆိုသူရှိတဲ့ Costa Rica နိုင်ငံကိုသွားပြီးပြသနာဖြေရှင်းဖို့ကြိုးစားခဲ့ပါတယ်။ သူတို့နှစ်ရောက်တွေ့ပြီတဲ့အခါ Ivan ကစိတ်ဓာတ်ပြင်းပြတဲ့ Richie ကိုသူနဲ့အတူတူအလုပ်လုပ်ဖို့ကမ်းလှမ်းခဲ့ပါတယ်။ Richie ဟာ Ivan ရဲ့ရည်းစားဟောင်း Rebecca Shafran နဲ့ချစ်ကျွမ်းဝင်ခဲ့ပါတယ်။ Costa Rica ရောက်နေတဲ့ FBI စုံထောက် Shavers က Richie ကိုပြန်ပေးဆွဲအသက်အန္တရာယ်နဲ့ခြိမ်းခြောက်ပြီး Ivan ရဲ့ပြစ်မှုတွေကိုဝန်ခံဖို့တောင်းဆိုတဲ့အခါ……….။ Runner Runner ဟာဒါရိုက်တာ Brad Furman ရဲ့လက်ရာ ရာဇဝတ်မှုနောက်ခံ သဲထိပ်ရင်ဖိုရုပ်ရှင်ဖြစ်ပြီးအဓိကသရုပ်ဆောင်တွေအဖြစ် Justin Timberlake (Richie Furst), Gemma Arterton (Rebecca Shavers), Anthony Mackie (Agent Shavers), Ben Affleck (Ivan Block) တို့ပါဝင်ထားပါတယ်။ (ရုပ်ရှင်အညွှန်းကို Trend Myanmar မှကူးယူဖော်ပြပါသည်။)