-
Movie Name
-
Stuart A Life Backwards (2007)
-
Year
-
2007
-
Generes
-
Biography, Drama
-
Code
-
EN0173
-
Type
-
Movie
-
Size
-
704 MB
-
Country
-
Hollywood
-
Description
-
ဒီကားလေးတော့ကျွန်တော်တို့ရဲ့စုံထောက်ကြီးရှားလော့သရုပ်ဆောင်Benedict Cumberbatchပါဝင်တဲ့၂၀၀၇ခုနှစ်ကထွက်ရှိထားတဲ့ကားလေးပါ။
အပြင်မှာတကယ်ဖြစ်ခဲ့တဲ့ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ကားလေးပါ။
Stuartဆိုတဲ့အိမ်ခြေမဲ့လူတယောက်ရဲ့ဘဝဇာတ်ကြောင်းလေးတခုကိုသေချာဖော်ပြထားပြီး
ရင်ထဲမှာတခုခုကျန်သွားစေမယ့်ကားလေးဖြစ်ပါတယ်။
% buffered
00:00
-00:04
Download
Your browser does not support the video tag.
Guardian First Book Awardဆုရထားခဲ့တဲ့စာရေးဆရာAlexander Mastersရဲ့စာအုပ်ကိုရိုက်ကူးပုံဖော်ထားတာပါ။
၂၀၀၀ပြည့်နှစ်တွေမှာAlexander(Benedict Cumberbatch)တယောက်လူမှုဖူလုံရေးအဖွဲ့တခုမှာဝင်လုပ်နေခဲ့ပါတယ်။
ဘာရယ်ညာရယ်ရည်ရွယ်ချက်မရှိဘဲလစာကောင်းကောင်းရတဲ့အတွက်လုပ်နေခဲ့တာပါ။
ရုတ်တရတ်ပဲအိမ်ခြေမဲ့တွေဟာထောက်ပံပေးထားတဲ့နေရာမှာမူးယစ်ဆေးခိုးပြီးရောင်းဝယ်တဲ့အတွက်
အဲဒီအဖွဲ့ရဲ့ခေါင်းဆောင်တွေပေါ်အပြစ်ပုံကျလာပါတယ်။
အဲဒီကစပြီးအိမ်ခြေမဲ့တွေနဲ့တခါမှမထိတွေ့ဖူးတဲ့Alexanderတယောက်ဒီတခါတော့စတင်ဆက်ဆံရပါတော့တယ်။
အဖွဲ့ခေါင်းဆောင်တွေကိုပြန်လည်လွတ်မြောက်ဖို့အတွက်လှုပ်ရှားမှုတခုလုပ်ဖို့
အစည်းအဝေးခေါ်တဲ့ပွဲမှာAlexanderနဲ့Stuartစတင်တွေ့ဆုံခဲ့ပါတယ်။
Stuartဟာအိမ်ခြေမဲ့အရက်သမားဆေးစွဲနေသူတယောက်ပါ။
ဒီလိုနဲ့Stuartတယောက်Alexanderကိုကူညီရင်းတယောက်နဲ့တယောက်ရင်းနှီးလာပါတယ်။
အဲဒါနဲ့Alexanderတယောက်Stuartရဲ့အကြောင်းကိုစာအုပ်ထုတ်ဖို့ဆုံးဖြတ်ပြီး
သူ့အကြောင်းတွေကိုတဖြေးဖြေးလေ့လာနိုင်ခဲ့ပါတယ်။
မမျှော်လင့်ပဲStuartမှာဆိုးဝါးတဲ့နောက်ခံအကြောင်းအရင်းတွေရင်နာစရာတွေကိုသိလာရပြီး
တဲ့နောက်အိမ်ခြေမဲ့တွေနဲ့တခါမှမဆက်ဆံဖူးတဲ့Alexanderတယောက်ဒီတခါတော့Stuartကိုပိုမိုခင်လာရပါတော့တယ်။
Stuartအကြောင်းကိုလေ့လာရင်းအပေါ်ယံထင်ထားတာတွေနဲ့ကွဲလွဲနေတဲ့အကြောင်းလေးတွေနောက်ဆုံးသိလိုက်ရပါတယ်။
ဆိုတော့ဘယ်လိုအကြောင်းအရင်းတွေရှိနေလဲဆိုတာကြည့်လိုက်ရအောင်ဗျာ။
ဒီကားလေးကြည့်ပြီးတော့ရင်ထဲမှာတခုခုကျန်ခဲ့မယ်ထင်ပါတယ်။
တခါတလေကျွန်တော်တို့ထင်ထားတဲ့အပေါ်ယံအမြင်တွေဟာတကယ့်အဖြစ်နဲ့ပြောင်းပြန်ဖြစ်နေတတ်တာကိုမြင်ရမှာဖြစ်ပါတယ်။
ရိုးရိုးလေးနဲ့ကောင်းတဲ့ကားလေးဖြစ်ပါတယ်
ဒါ့အပြင်ကျွန်တော်တို့ရဲ့အချစ်တော်ရှားလော့မင်းသားရဲ့တည်ငြိမ်နက်နဲတဲ့သရုပ်ဆောင်မှုတွေကိုမြင်ရမှာလည်းဖြစ်ပါတယ်။
(ဘာသာပြန်သူကတော့ Fridays ပဲဖြစ်ပါတယ်)