Movie Name
Three Steps Above Heaven (2010)
Year
2010
Generes
Drama, Romance
Code
EN0178
Type
Movie
Size
879 MB
Country
Hollywood
Description
IMDb rating 7.0 အထိရထားတဲ့ စပိန် အချစ်ဇာတ်ကားလေးတကားဖြစ်ပါတယ် ခပ်မိုက်မိုက် လမ်းသရဲကောင်လေးနဲ့အဖြူထည် ကျောင်းသူလေးတို့ရဲ့ ရိုမတ်ဆန်စွာရိုက်ကူးထားတဲ့အချစ်ဇာတ်လမ်းလေးလို့ပဲဆိုပါတော့ … ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင်တော့ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဆိုင်ကယ်စကေး လမ်းသူရဲ ကောင်လေးလည်း အိမ်တွင်းပုန်း ကျောင်းသူလေးနဲ့တွေ့တော့ နှလုံးသားရဲ့ခံစားချက်အရာအားလုံးကိုခဝါချရတော့တာပေါ့…. မူချင်ပေမယ့်လည်း … မူချိန်မရလိုက်တဲ့ မယ်မဒီလေး …. ကောင်လေးရဲ့ ကြွပ်ဆပ်ဆပ် အပြုအမူတွေကြားမှာ အကန်းတစ္ဆေမကြောက်သလိုဖြစ်ခဲ့ရပြီလေ… အမေ့ရဲ့အုပ်ထိန်းမှုအောက်မှာ ကြီးပျင်းလာရတဲ့ သမီးအလိမ္မာလေး ကောင်လေးရဲ့အချစ်တစ်ခုအတွက် အရာအားလုံးကို စုန်ကန်ဖို့အသင့်ဖြစ်နေတာပေါ့… အချစ်ကို ပုံလောင်းချင်တဲ့အမေလည်း သမီးကို မျက်စိဒေါက်ထောက်ကြည့်နေပေမယ့် ယောက္ခထီးကို အပိုင်ချုပ်နိုင်တဲ့ ကောင်လေးရဲ့စကေးတစ်ပေါက်ကြောင့် သမီးလေးကို လိုက်မမှီတော့ဘူးလေ… ကောင်းကင်အထက် သုံးမီတာအထိ မြင့်တဲ့သူတို့ ရဲ့ အချစ်ရထားလေးကို ရိုမန်တစ်ဆန်ဆန်မြှင့်ရင်း ခုတ်မောင်းလာခဲ့တာ နေဝင်ချိန်ကမ်းခြေအလှနှင့်အတူ အိမ်တွင်းပုန်းကျောင်းသူလေးရဲ့ အပျိုစင်ဘဝလေးက…??? မိခင်ရဲ့ ပုံစံခွက်ထဲက ရုန်းထွတ်နိုင်အောင် ကြိုးစားနေတဲ့ သမီးလေးရဲ့ ဘဝ??? မတူညီတဲ့ဘဝနှစ်ယောက်ရှိတဲ့လူနှစ်ယောက် အချစ်ဆိုတဲ့အရာကို တခုတည်းပေါင်းစည်းနိုင်မှာလား ကဲ… အိမ်တွင်းပုန်း ကျောင်းသူလေးနဲ့လမ်းသူရဲလေးကောင်လေးတို့ ကောင်းကင်အထက်သုံးမီတာမှာ ဘာဆက်ဖြစ်ကြမလဲ