-
Movie Name
-
Up In The Air(2009)
-
Year
-
2009
-
Generes
-
Drama, Romance
-
Code
-
EN0181
-
Type
-
Movie
-
Size
-
791 MB
-
Country
-
Hollywood
-
Description
-
ဘဝဆိုတာ ခရီးရှည်တစ်ခု…
ဒီခရီးကို ဘယ်လိုဖြတ်သန်းမှာလဲ။
ပိုင်ဆိုင်သမျှ အရာရာကို ထည့်သိမ်းဆည်းထားတဲ့ လွယ်အိတ်ကြီးတစ်လုံး လွယ်ပြီးတော့လား။
နေပါ… လွှတ်ချပစ်လိုက်။ အဲဒီ လွယ်အိတ်ကို မီးရှို့ပစ်လိုက်။
စိတ်လွတ်ကိုယ်လွတ်နဲ့ နောက်တစ်နေ့ရဲ့ မနက်ခင်းကို လွင့်မျောပစ်လိုက်။
IMDB 7.4 | RT 91% | Roger Ebert 4/4
ကိုယ့်ကို ကိုယ်တစ်ခါမှ မမြင်ဖူးတဲ့ လူတစ်ယောက်ကနေ ” ခင်ဗျား အလုပ်ပြုတ်ပြီ ” ဆိုပြီး ကုမ္ပဏီက ဘာအကြောင်းမှ မရှိပဲ လာပြောရင် ဘယ်လိုခံစားရမလဲ။ သေချာတာကတော့ စိတ်ဓာတ်တွေ ကျသွားမှာပဲ။ ဒါပေမယ့် သူက ပိုင်တယ်။
ဖြုတ်တာကို ဖြုတ်တယ်လို့ မပြောဘူး။ အခွင့်အလမ်းအသစ်တွေ လာပေးတာပါတဲ့။
ဒါ Ryan Bigham ရဲ့ အလုပ်။ ပိုင်ရှင်ကိုယ်စား အလုပ်ဖြုတ်လိုက်ပါပြီလို့ ပြောရတဲ့ အလုပ်။
တစ်နှစ်မှာ ရက်ပေါင်း ၃၂၂ရက်လောက် လေယာဉ်စီးပြီး အလုပ်တွေ ဖြုတ်နေရတာ လေယာဉ်ဟာ သူရဲ့အိမ်ဖြစ်နေခဲ့ပြီ။ မိသားစုဆိုတာလည်း မရှိ၊ သံယောဇဉ်ဆိုတာလည်း မထား၊ အရာရာကို လွယ်အိတ်ထဲ ထည့်ပြီး မီးရှို့ထားတဲ့ လူစားပေါ့။
တစ်နေ့တော့ ပိုင်ရှင်ကနေ မိတ်ဆက်ပေးတယ်။ Natalie ဆိုတဲ့ ကောင်မလေးတစ်ယောက်။ သူ့ဆီမှာ အမြင်တစ်ခုရှိတယ်။ ခေတ်ကို အမှီလိုက်ဖို့၊ တစ်စိတ်ကို တစ်အိတ်လုပ်မနေဖို့၊ အမေရိကန်တကာကို ပတ်သွားပြီး လေယာဉ်ခတွေ အကုန်ခံမနေပဲ ရုံးမှာပဲ အထိုင်ချပြီး ဖြုတ်ရမယ့်လူတွေကို အင်တာနက်ကနေ Video Call ခေါ်ပြီး ဖြုတ်လိုက်၊ ဒါဆို 75% အကုန်အကျတွေ သက်သာသွားမယ်ဆိုတဲ့ အမြင်။
% buffered
00:05
-00:06
Download
Your browser does not support the video tag.
ဒီမှာတင် လေယာဉ်ကို သူ့ရဲ့ အိမ်လို့ မှတ်ပြီး တကယ့်အိမ်မှာကျ နေရတာ စိတ်ပျက်နေတဲ့ Ryan နဲ့ ထိပ်တိုက်တွေ့ပြီ။ ပိုင်ရှင်ကလည်း Natalie ကို အလုပ်သင်ခန့်ပြီး သူ့နောက်လိုက်ခိုင်းပြီ။ ကြားထဲမှာလည်း Dallas ကို သွားရင်းနဲ့ တွေ့ခဲ့တဲ့ Alex ဆိုတဲ့ အမျိုးသမီးအပေါ်မှာ ခံစားချက်တွေ ရှိလာရပြန်ပြီ…။
” There is nothing cheap about loyalty… “