Movie Name
Nobody Sleeps In The Woods Tonight (2020)
Year
2020
Generes
Horror, Thriller
Code
EN0191
Type
Movie
Size
970 MB
Country
Hollywood
Description
Nobody Sleeps in the Woods Tonight(2020) IMDb…6.0 စမတ်ဖုန်းတွေ၊ဂိမ်းတွေစွဲနေကြတဲ့ ဆယ်ကျော်သက်လူငယ်တွေကို နည်းပညာတွေနဲ့ဝေးဝေးနေပြီး သဘာဝတရားကိုခံစားနိုင်အောင် စီစဥ်ပေးထားတဲ့ offline campလေးတစ်ခုရှိပါတယ်။ ဒီcampလေးထဲမှာဆိုရင် ဖုန်း၊လပ်တော့စတဲ့ လျှပ်စစ်ပစ္စည်းတွေလုံးဝယူမလာရဘဲ စီစဥ်ပေးထားတဲ့အတိုင်း အုပ်စုငယ်လေးတွေဖွဲ့ပြီး activityတွေလုပ်ရပါတယ်။ နည်းပြ”မစ္စ အီဇာ”ဦးဆောင်တဲ့အဖွဲ့လေးကတော့ တောနက်ထဲကို ခြေလျင်ခရီးထွက်လာကြပါတယ်။တောထဲမှာ တစ်ယောက်နဲ့တစ်ယောက် မိတ်ဖွဲ့ရင်း စလိုက်ရန်ဖြစ်လိုက်၊ညဘက်မှာ မီးပုံဖိုရင်းသီချင်းတွေဆိုလိုက်နဲ့ ပတ်ဝန်းကျင်ကိုသတိမမူမိဘဲ ပျော်ရွှင်နေကြပါတယ်။ မနက်လင်းလို့ခရီးဆက်ထွက်တော့မယ့်အချိန်မှ အဖွဲ့ထဲကကောင်လေးတစ်ယောက် ပျောက်ဆုံးနေပြီး သွေးကွက်အချို့ကျန်နေခဲ့တဲ့အတွက် လူစုခွဲပြီးလိုက်ရှာကြည့်ကြတဲ့အခါမှာတော့…… တောနက်ထဲမှာရောက်နေတဲ့အပြင် ဆက်သွယ်စရာဖုန်းလည်းပါမလာကြတဲ့သူတို့တစ်တွေ တောထဲမှာ မထင်မှတ်ထားတဲ့ဘယ်လိုအန္တရာယ်မျိုးနဲ့ကြုံတွေ့ရမလဲဆိုတာ ကြည့်ရှူခံစားလိုက်ကြပါဦး…