-
Movie Name
-
Triggered (2020)
-
Year
-
2020
-
Generes
-
Thriller
-
Code
-
EN0195
-
Type
-
Movie
-
Size
-
880 MB
-
Country
-
Hollywood
-
Description
-
အထက်တန်းကျောင်းအတူတက်ခဲ့ကြတဲ့ ငယ်သူငယ်ချင်း ၉ ယောက်ဟာ
သစ်တော တစ်ခုထဲကို Camping သွားလုပ်ရင်း မထင်မှတ်ထားတဲ့ ဖြစ်ရပ်ဆိုးတစ်ခု
ကြုံတွေ့ခဲ့ရပါတယ်
အဲ့ဒီနေ့ ညမှာတော့ တစ်မြို့လုံးက လူတွေက နောက်တစ်နေ့ကျင်းပမဲ့ ဘောလုံးပွဲအတွက်
မြို့ထဲမှာပဲနေခဲ့ကြပြီး သူတို့ ၉ ဦးပဲ တောထဲမှာ ရှိကြပါတယ် ရှေးဟောင်းနှောင်းဖြစ်တွေ အေးအေးလူလူပြောနေခဲ့ကြပြီးနောက် ရွက်ဖျင်တဲတွေထဲ အိပ်ဖို့ ဝင်ခဲ့ကြပါတယ်
အဲ့ဒီနောက်မှာတော့ သူတို့ အလန့်တကြားနူိးလာခဲ့ကြပြီး သူတို့ရဲ့ ကားတွေမရှိတော့ပါဘူး
ပိုဆိုး တာကတော့ ခန္ဓာကိုယ်မှာပါ ချိန်ကို်က်ဗုံးတွေ တပ်ဆင်ထားခံရတာပါ
ဒီလိုဖြစ်အောင်လုပ်ခဲ့တဲ့ သူကတော့ သူတို့ရဲ့ အထက်တန်းကျောင်းတုန်းက
သိပ္ပံဆရာ မစ္စတာ ပီတာဆန်ပါပဲ
“မင်းတို့ထဲက တစ်ယောက်ပဲ ဒီတောထဲက
အသက်ရှင်လျက်ထွက်နူိင်မယ်လို့ပြောပြီး”
မစ္စတာ ပီတာဆန်ကသူ့ကိုယ်သူအဆုံးစီရင်သွားခဲ့ပါတယ်
ဗုံးတွေက အဆင့်မြင့် နည်းပညာတွေ ဖြစ်ပြီး
ဖြုတ်ပစ်လို့လည်း မရသလို
တစ်ယောက်နဲ့ တစ်ယောက်လည်း အချိန်မတူပါဘူး
အနီးအနားမှာ ရှိတဲ့ အရာကို အာရုံခံနူိင်တဲ့ စနစ်တစ်ခုပါရှိပြီး
ဗုံးတွေရဲ့ တစ်ခုနဲ့ တစ်ခု ဆက်စပ်မှုကို
သိလိုက်ရတဲ့ အချိန်မှာတော့
သွေးပျက်လောက်စရာ ကိစ္စတွေကြုံတွေ့ရပါတော့တယ်
အချိန်အများဆုံးရဖို့ အတွက်
တစ်ယောက်ကိုတစ်ယောက်သတ်ရမှာပါ
အခင်ဆုံး သူငယ်ချင်းတွေကနေ
ရန်သူတွေဖြစ်သွားကြပါတယ်
သူငယ်ချင်း အစစ်က
ဘယ်လိုမျိုးဆိုတာလဲ ပြသသွားခဲ့ပါတယ်
ပီတာဆန်ဟာ ဘယ်လိုအငြိုးကြောင့်များ
ဒီလိုလုပ်ခဲ့ရတာလဲ
သူတို့အားလုံး ဒီအဖြစ်ဆိုးကနေ
ရုန်းထွက်နူိင်ပါ့မလားဆိုတာ
ကြည့်ရှူခံစားပေးကြပါ