-
Movie Name
-
W Two Worlds
-
Year
-
2016
-
Generes
-
Drama, Fantasy, Romance
-
Code
-
SKR0114
-
Type
-
Series
-
Size
-
6.24 GB
-
Country
-
Korea
-
Description
-
W Two Worlds
ကမ္ဘာခြားမှချစ်မေတ္တာ
K-Drama #mmsub
စ/ဆုံး
ဇာတ်ကားဟောင်းလေးပါ ပြန်ကြည့်ချင်တဲ့လူတွေအတွက်☺
ဇာတ်ညွှန်း>>>>
W ကားထဲမှာ Jong Suk Oppa က
Main Lead အဖြစ်နဲ့ ကာတွန်းကမ္ဘာမှာနေတဲ့ Kang Chul နေရာက သရုပ်ဆောင်ထားပါတယ်။
Kang Chul က သူ့အဖေရဲ့လေ့ကျင့်ပေးမှုတွေကြောင့်
သေနတ်ပစ်ချန်ပီယံဖြစ်လာခဲ့တဲ့
အထက်တန်းကျောင်းသားလေး တစ်ယာက်ပါ။ သူရဲ့ ဝါသနာက ကွန်ပြူတာ ကျွမ်းကျင်သူတစ်ယောက်ဖြစ်ဖို့ပေါ့နော်။ တစ်နေ့ကျတော့ သေနတ်ပစ်ပြိုင်ပွဲမှာ
အနိုင်ရရှိပြီးနောက်ပိုင်း Kang Chul ရဲ့မိသားစုဟာ လူသတ်သမားရဲ့ သေနတ်နဲ့ အားလုံးအပစ်ခံလိုက်ရပါတယ်>>>>>>
ဒီဘက် အပြင်ကမ္ဘာမှာတော့
Unnie Han Hyo Joo က နှလုံးအထူးကု
ဆရာဝန်မလေး Oh Yeon Joo အဖြစ်
သရုပ်ဆောင်ထားပါတယ်။
Oh Yeon Joo ရဲ့အေဖက
အွန်လိုင်းကာတွန်းရေးတဲ့သူတစ်ယောက်ပါ။ သူက W ကာတွန်းအတွက် ဇာတ်သိမ်းပိုင်းရေးရင်း ထူးခြားဆန်းပြားမှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ အဲ့ဒီအချိန်မှာ သမီးဖြစ်သူ Oh Yeon Joo တစ်ယောက် သူ့အဖေရဲ့ ရုံးခန်းကို ရောက်လာချိန် ကွန်ပြူတာပေါ်မှာ ဆွဲထားတဲ့ W webtoon ရဲ့ အဓိကဇာတ်ကောင် Kang Chul သွေးထွက်လွန်ပီးလဲနေတဲ့ပုံကို မြင်ပီး သူမ အကြီးအကျယ်ရှော့ရသွားပါတယ်။
အဲ့လိုနဲ့မကြာဘူး သူမဟာ ကွန်ပြူတာထဲက
တစ်စုံတစ်ယောက်ရဲ့ လက်နဲ့ ဆွဲခေါ်ခံရပီး
ကာတွန်းကမ္ဘာမှာနေတဲ့ Kang Chul နား
ရောက်ရှိသွားပါတယ်။ အဲ့ဒီချိန် အဆောက်ဦးရဲ့
ခေါင်မိုးထပ်မှာ သွေးထွက်လွန်ပီး
သေလုမျောပါးဖြစ်နေတဲ့ Kang Chul ကို မြင်ပြီး
အသက်ကယ်တင်နိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်
သူမကယ်တင်လိုက်တဲ့ လူနာက သူမအရမ်းကြိုက်တဲ့ သူ့အဖေရဲ့ကာတွန်းထဲက အဓိကဇာတ်ကောင် Kang Chul ဖြစ်နေတယ်ဆိုတာ
သိလိုက်ရပါတယ်။
နောက်ပိုင်းမှာ Oh Yeon Joo က
Main ဇာတ်ကောင်ဖြစ်တဲ့ Kang Chul ရဲ့
စိတ် အပြောင်းအလဲဖြစ်သွားရင် ကာတွန်းကမ္ဘာက ထွက်နိုင်တဲ့ လျှို့ဝှက်ချက်ကို ရှာတွေ့ခဲ့ပါတယ်။
အဲ့နောက်ပိုင်း ကာတွန်းကမ္ဘာက Kang Chul ကရော သူ့ရဲ့မိသားစုကို ရက်ရက်စက်စက် သတ်ခဲ့တဲ့ လူသတ်သမားကို ဖမ်းနိုင်မလား ?
ဆရာဝန်မလေး Oh Yeon Joo ကရော
Kang Chul ကိုကယ်တင်ပီးနောက်ပိုင်း
သူတို့နှစ်ယောက်ဘယ်လို အခက်အခဲတွေနဲ့
ရင်ဆိုင်ရမလဲ ဆိုတာ...ဒီ W ရုပ်ရှင်လေးကြည့်ပြီးအဖြေရှာကြနော်