-
Movie Name
-
The Wolf (ဝံပုလွေတို့ရဲ့ဧကရာဇ်)
-
Year
-
2020
-
Generes
-
Action, Drama, Historical
-
Code
-
SC0234
-
Type
-
Series
-
Size
-
10.7 GB
-
Country
-
China
-
Description
-
အားလုံးမျှော်နေတဲ့ ကျန့်ကောကောရဲ့ 👑𝐓𝐡𝐞 𝐖𝐨𝐥𝐟🦊 (2020)
🦊🦊#ဝံပုလွေတို့ရဲ့ဧကရာဇ်🦊🦊
#မြန်မာစာတမ်းထိုး (1to49)အစအဆုံး
Soulမှဘာသာပြန်သည် 1နှစ်လောက်မျှော်ရကျိုး နပ်ခဲ့ပါပြီနော် ...🦊👑
#ဇာတ်လမ်းအညွှန်း~🐺
ထန်ပြည်ရဲ့ နောက်ဆုံးမင်းဆက်မှာ ကျူးဝိန် လို့ခေါ်တဲ့ စစ်ဘုရင်ဟာ နယ်စပ်ဒေသမှာ ဝံပုလွေရိုင်းတွေမွေးစားတာ ခံထားတဲ့လူငယ်တစ်ယောက်နဲ့ဆုံခဲ့ပါတယ်။
စစ်ဘုရင်ဟာ ဒီလူငယ်ကိုမွေးစားဖို့ခေါ်ယူခဲ့ပြီး ကျူးယိုဝိန် လို့ နာမည်ပေးခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ စစ်ဘုရင်ကျူးဝိန်ဟာ ထန်ပြည်ထောင်ကို ကျူးကျော်အာဏာသိမ်းပိုက်လိုက်ပြီးနောက် လျန်မင်းဆက်ရဲ့ပထမဆုံးဘုရင်မင်းမြတ်အဖြစ် ခံယူလိုက်ပါတယ်။ မွေးစားသား ကျူးယိုဝိန်ကိုတော့ တော်ဝင်မင်းသားရာထူးအပ်နှင်းခဲ့ပါတယ်။
ဒီလိုနဲ့ ကျူးယိုဝိန်ဟာ နန်းတော်အရာရှိတစ်ဦးရဲ့ သမီးဖြစ်တဲ့ မာကျိုက်ရှင်းနဲ့ ချစ်ကြိုးသွယ်ခဲ့ပါတယ်။
ကျူးယိုဝိန်ဟာ မြင့်မြတ်တဲ့မင်းသားဘွဲ့ကိုရထားပေမဲ့ တောရိုင်းမှာ ကြီးပြင်းခဲ့စဉ်က ကြုံတွေ့ခဲ့တဲ့အတွေ့အကြုံတွေကြောင့်
တရားမျှတမှုကိုလိုလားတဲ့သူတစ်ယောက်ပါ။ သူဟာ ချစ်ရသူမာကျိုက်ရှင်းရဲ့အကူအညီနဲ့ သူ့မွေးစားဖခင်ရဲ့ တင်းကျပ်တဲ့တိုင်းပြည်ရေးပြောင်းလဲမှုတွေကိုဆန့်ကျင်ဖို့ဆုံးဖြတ်ခဲ့တဲ့အပြင် သူ့မွေးစားညီအစ်ကိုရဲ့ သူရဲဘောကြောင်စွာ လျှို့ဝှက်ကြံစည်တဲ့အစီအစဉ်တွေကိုဖျက်ဆီးဖို့အတွက်လည်း တိုက်ပွဲတွေဖန်ခဲ့ရပါတယ်။ အဓိက ဇာတ်ဆောင် ၃ယောက်ပါနေတဲ့အတွက် တိုက်ပွဲအရှုပ်အထွေးတွေအပြင် ၃ပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးပါ ဖြစ်လာနိုင်မလားဆိုတာကိုတော့ မကြာခင် SoulKingdomမှာ တင်ဆက်မယ့် The Wolf (ဝံပုလွေတို့ရဲ့ဧကရာဇ်) ဆိုတဲ့ ဇာတ်ကားမှာ စောင့်မျှော်ကြည့်ရှုလိုက်ရအောင်နော်
ပါဝင်တဲ့ အဓိကဇာတ်ဆောင်တွေက Darren Wang, Li Qin နဲ့ Xiao Zhan တို့ဆိုတော့ ကြည့်ကြပါလို့ ပြောစရာမလိုအောင် ပြည့်စုံလွန်းနေပါပြီ ဟုတ်