Movie Name
Wasana Rak (ကံကြမ္မာနှောင်ဖွဲ့တဲ့ ချစ်ကြိုး)
Year
2020
Generes
Drama, Family, Romance
Code
ST0183
Type
Series
Size
9.88 GB
Country
Thai
Description
ကံကြမ္မာနှောင်ဖွဲ့တဲ့ချစ်ကြိုး [ season - 2 ] ဒီဇာတ်လမ်းတွဲလေးကတော့ အဒ်မင်တို့ဘာသာပြန်တင်ဆက်လို့ ပြီးဆုံးသွားပီဖြစ်တဲ့ "ဆုံမှတ်မရှိသောချစ်ခြင်း အလင်္ကာ" ကားလေးရဲ့ ဒုတိယတွဲပဲဖြစ်ပါတယ် ❤️ ဒီ ဒုတိယတွဲလေးကိုတော့ ပီးခဲ့တဲ့ အောက်တိုဘာလ ကမှ Ch3 Thailand က ထုတ်လွှင့်ပြသလို့ ပီးတာပဲ ဖြစ်ပါတယ် ☺️ Main Cast _ Ice Panuwat Nychaa Nuttanicha ဇာတ်လမ်းအားလုံးရဲ့ အစကနောင်ကန်လို့ခေါ်တဲ့ ကဲဝိုကျိုင်း ဆိုတဲ့မိန်းမရဲ့ သားလေးကနေစတော့တာ ပါပဲ .... အဲ့နောင်ကန်လို့အမည်ရတဲ့ ကောင်းလေးက ငယ်ငယ်ကတည်းက အဖေအမေနဲ့ မျက်နှာမဆင်ဘူးလို့ ပတ်ဝန်းကျင်ရဲ့ ပြောဆိုမှုတွေကြောင့်သူ့ မိဘအရင်းကဘယ်သူလဲဆိုတာအရမ်းသိချင်နေခဲ့တာပါ .... နောင်ကန်နဲ့ အတူကြီးပြင်းလာတဲ့ နောင်ဆာဆိုတဲ့ကောင်မလေးက ငယ်ငယ်ကတည်းက ရုပ်ချောသလောက်စိတ်သဘောထားက လှမနေရှာပါဘူး .... အဲ့ကတည်းက နောင်ဆာက နောင်ကန့်ကို တစ်ဖက်သတ် ကြိုက်နေတာပါ .... ကံမကောင်းချင်တော့အဲ့ကတည်းက နောင်ကန်က လိကေပြဇာတ်ကတဲ့မင်းသမီးလေးတစ်ယောက်ကို ရင်ထဲမှာရှိနေတာပါ .... အဲ့ကိစ္စကိုသိနေတဲ့နောင်ဆာက ပြဇာတ်မင်းသမီးလေးကို စိတ်ထဲမှာအံကြိတ်ထားပြီး ကျောင်းတက်တော့လည်းသူမတို့နှစ်‌ယောက် တစ်တန်းတည်းကျသွားရော အခန်းထဲမှာနေ့တိုင်းရန်ပွဲ ဆင်နွှဲနေရတာပေါ့ .... နောင်ကန်ရဲ့ အဖွား,အဒေါ် နဲ့ ဦးလေး တို့က သူ့အဖေအရင်း ဘယ်သူလည်းဆိုတာမပြောပြဘဲ လျှို့ဝှက်ထားခဲ့ပါတယ် .... ဒါကိုရိပ်မိနေတဲ့ မဲကျမ်မလင်ကလည်း အဖြစ်မှန်ဘယ်လိုမျိုးလဲဆိုတာသိရဖို့ နည်းပေါင်းစုံသုံးပြီးစုံစမ်းနေခဲ့ပါတော့တယ် .... ဒါပေမယ့် နောင်ကန့် အဖွားဖြစ်သူက နောင်ကန့်ကို သူ့မြေးအရင်းမဟုတ်မှန်း သိနေခဲ့ပေမယ့် မြေး အရင်း တစ်ယောက်မျိုး အရမ်းချစ်ခဲ့ရှာတာပါ .... နောင်ကန်ကကော ဘယ်ချိန်မှာ သူ့အဖေအရင်း ဘယ်သူဆိုတာကို သိသွားမှာလဲ ? နောင်ဆာကကော သူ့ရဲ့လိုအင်ဆန္ဒအတိုင်း နောင်ကန်နဲ့ ချစ်ကြိုက်ခွင့်ရမှာလား ? နောင်ကန်ကရော လိကေမင်းသမီးလေးနဲ့ ဘယ်လို အဆုံးသတ်သွားမလဲဆိုတာကို သူတို့ မိဘ‌တွေရဲ့ မိသားစုအရှုပ်တော်ပုံတွေရယ်,သူတို့လေးတွေရဲ့ ငယ်စဉ်ဘဝမှာကျောင်းတွင်းအရှုပ်တော်ပုံတွေရယ်, သူတို့လေးတွေကြီးပြင်းလာတော့ အနုပညာသမား တွေဖြစ်လာပီး အနုပညာလမ်းပေါ်ကအရှုပ်တော် ပုံတွေရယ်ကို ကြည့်ရှုရမှာပဲဖြစ်ပါတယ် ❤🔥 ဇာတ်လမ်းကောင်းကြိုက်သူတိုင်းကြည့်သင့်တဲ့ ကားကောင်းလေးတစ်ကားဆိုတာကို အဒ်မင်က ရဲရဲအာမခံပါတယ် 💯