-
Movie Name
-
Hello Ghost (2010)
-
Year
-
2010
-
Generes
-
Comedy, Drama
-
Code
-
KR0011
-
Type
-
Movie
-
Size
-
959 MB
-
Country
-
Korea
-
Description
-
ဒီဇာတ်ကားလေးကတော့ comedy,drama အမျိုးအစားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့
ဘဝကြီးကိုစိတ်ကုန်နေတဲ့ ကင်ဆန်မင် ၊ ငယ်ငယ်ကတည်းဆွေမရှိ မျိုးမရှိတစ်ကောင်ကြွက် ၊ မျက်နှာငယ်ဘဝနဲ့
% buffered
00:00
-00:08
Download
Your browser does not support the video tag.
လူအထင်သေးမခံချင်လို့ ငယ်ငယ်ကတည်းကအလုပ်တွေအရမ်းကြိုးစားပြီးပိုက်ဆံတွေရှာတယ် ၊ ဒါပေမယ့်
သူ့ဘဝရည်မှန်းချက်မရှိရယ် ၊ သူလိုချင်ခဲ့တာမိသားစုမျိုး အသိုင်းအဝိုင်းမျိုးမရခဲ့တာရယ်ကြောင့် လူဘဝကို
စိတ်နာပြီးကိုယ့်ကိုကိုယ်အကြိမ်ကြိမ်သတ်သေခဲ့ပါတယ်၊ ဆေးသောက်ပြီးသတ်သေတယ်ဒါပေမယ့် မသေခဲ့ပါဘူး
နောက်ဆုံးမှတော့မှာတံတားပေါ်ကနေခုန်ချပြီးသတ်သေခဲ့ပါတယ် ၊ ဒါပေမယ့် တံတားအောက်မှာကယ်ဆယ်ရေးတွေ
ရှိနေတာကြောင့် သူ့ကိုကယ်ခဲ့ပါတယ် ၊ နောက်ဆုံးသူ့ကိုဆေးရုံကိုခေါ်သွားပြီးအသက်ပြန်ရှင်လာအောင် ဆရာဝန်တွေ
ကြိုးစားပေးခဲ့ကြတယ်။ ဒီတစ်ကြိမ်ပြန်နိုးလာတော့ သူ့မှာအထူးအဆန်းတွေဖြစ်ပါတော့တယ် ၊ ဆေးရုံမှာ သရဲဝိဉာဉ်
လေးကောင်ကိုမြင်ခဲ့တယ်။ အဲ့ဒီသရဲလေးကောင်ဟာသူသွားနေရာတောက်လျှောက်လိုက်တယ်။ သူ့ကိုအနှောင့်အယှက်
တွေပေးတယ် ၊ အဲ့ဒါနဲ့ကင်ဆန်မင်ဟာ နတ်ဆရာတစ်ယောက်ဆီသွားပြီးအကူအညီတောင်းတယ် ၊ နတ်ဆရာက မင်းသရဲ
တွေကိုမြင်နေရတာက သူတို့ဆန္ဒကိုဖြည့်ဆည်းခိုင်းဖို့၊ သူတို့ဆန္ဒပြည့်သွားတာနဲ့ မင်းဆီကနေထွက်သွားလိမ့်မယ်ဆိုပြီး
ပြောခဲ့တယ် ၊ ဒီလိုနဲ့ ကင်ဆန်မင်တစ်ယောက် သရဲလေးကောင်ရဲ့ ဆန္ဒတွေကိုဖြည့်ဆည်းဖို့ဘယ်လိုအခက်အခဲတွေနဲ့
ရင်ဆိုင်ရမလဲဆိုတာဆက်လက်ကြည့်ရှုပေးပါဦး။
(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ပဲဖြစ်ပါတယ်။)