Movie Name
Illumination Presents Minions Holiday Special (2020)
Year
2020
Generes
Animation, Comedy, Family
Code
AN0326
Type
Movie
Size
701 MB
Country
Hollywood
Description
Minions Holidays Special (2020) ============================== အခုလတ်တလော ထွက်ရှိထားတဲ့ Animation ဇာတ်ကားသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ ပရိသတ်ကြီးရေ။ Minions ဇာတ်ကားလေးမှန်းသိတာနဲ့ အထူးညွှန်းစရာမလိုလောက်ပါဘူးနော် ကလေးတွေအကုန်လူကြီးပါမကျန် ကြိုက်ကြတဲ့ဇာတ်လမ်းလေးပါ။ ခရစ္စမတ်အားလပ်ရက်မှာပျော်ပျော်ရွှင်ရွှင် ကခုန်ပျော်မြူးနေကြတဲ့ Minions လေးတွေကို ဇာတ်လမ်းတိုလေးခုနဲ့အတူ တင်ဆက်ပြသထားပါတယ်။ Minions လေးတွေဟာ စန်တာရဲ့အလုပ်ရုံကိုရောက်လာပြီး ကလေးတွေအတွက်စန်တာယူလာတဲ့အရုပ်တွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်ကစားနေကြတယ်။ နောက်ဇာတ်လမ်းလေးမှာတော့ ကလေးတစ်စုဟာစက်ဘီးစီးပြီး ရေခဲမုန့်သည်နောက်အပြေးလိုက်နေကြတယ်။ အက်ဂနက်စ်လည်း သူတို့နဲ့အတူလိုက်ချင်ပေမယ့် သူ့စက်ဘီးကမကောင်းတဲ့အတွက် လဲကျပြီးကျန်ခဲ့တယ်။ ဒါကို Minions လေးတွေတွေ့သွားပြီး အကောင်းဆုံးစက်ဘီးတီထွင်ပေးလိုက်တယ်။ အဲ့ဒီနေ့မှာဘဲ ရတနာဆိုင်ကရတနာတွေဓားပြတိုက်ပြီးပြေးလာတဲ့လူတစ်ယောက်က ရေခဲမုန့်သည်ရဲ့ကားကိုလုယူထွက်ပြေးတာကို သူမရဲ့အထူးစက်ဘီးနဲ့အမှီလိုက်ဖမ်းဆီးပေးပြီး နောက်ဆုံးမှာတော့ အရမ်းစားချင်တဲ့ရေခဲမုန့်ကို ရသွားပါတော့တယ်။ နောက်ဇာတ်လမ်းလေးတွေမှာတော့ အထူးဧည့်သည်ဇာတ်ကောင်လေးတွေဖြစ်ကြတဲ့ အက်ဂနက်စ်နဲ့ ခွေးလေးပါပီတို့ကလည်း ဘယ်လိုပါဝင်သရုပ်ဆောင်ထားလဲ အားလပ်ရက်တွေကို ဘယ်လိုပျော်ပျော်ရွှင်ရွှင် ကုန်ဆုံးကြမလဲဆိုတာ ရယ်မောပျော်ရွှင်ရင်း ဆက်လက်ကြည့်ရှုလိုက်ပါဦး ပရိသတ်ကြီးရေ။