Movie Name
Introducing My Boyfriend (2020)
Year
2020
Generes
Comedy, Family
Code
KR0016
Type
Movie
Size
639 MB
Country
Korea
Description
ဒီကားလေးကတော့ မိသားစု Comedy,Fantasy ကားလေးတကားဖြစ်ပြီး မိသားစုနဲ့အတူတူ အိမ်မှာနေရင်းအေးဆေးကြည့်လို့ရမယ့် ကားကောင်းလေးတစ်ကားပါ။ ဇာတ်လမ်းအကျဉ်းကတော့ ချွဲဟော့ဆိုတဲ့သူက မိန်းမမရှိပဲ မီနာဆိုတဲ့ သမီးလေးကိုတစ်ယောက်တည်း ပြုစုပျိုးထောင်လာခဲ့တဲ့ Single Father တစ်ယောက်ဖြစ်ပါတယ်။ % buffered 00:00 -00:08 Download Your browser does not support the video tag. ဒီလိုနဲ့သားအဖနှစ်ယောက်သမီးလေး ၁၂နှစ်အရွယ်ရောက်တဲ့အထိနေလာရင်း ချွဲဟော့လည်း ဆေးပေးမီးယူ အဖြစ်နဲ့ နေထိုင်သွားဖို့ မင်းဂျောင်းဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ဖူးစာဆုံခဲ့ပါတယ်။ ဒါပေမယ့် အဖေကိုအရမ်းချစ်တဲ့သမီးလေး မီနာကတော့ သူအဖေကိုတခြားမိန်းမနဲ့ယူမှာ လုံးဝသဘောမတူပါဖူး။ အဲ့ချိန်ကစပြီးချွဲဟော့တစ်ယောက် သမီးနဲ့ချစ်သူကြားဗျာများရတော့တာပဲ။ မီနာလေးကလည်း မင်းဂျောင်းကိုမြင်တာနဲ့ ရန်လုပ်တတ်သလို မင်းဂျောင်းကလည်းမီနာလေးဆိုးတာကို တဖြည်းဖြည်းစိတ်ကုန်လာပါတယ်။ ဒီလိုမတည့်အတူနေနှစ်ယောက် တရက်မှာထူးဆန်းတာတစ်ခုဖြစ်သွားခဲ့ပါတယ်။ ဘယ်လိုဖြစ်လာမယ်ဆိုတာတော့ ဒီကားလေးကိုပဲ ကိုယ်တိုင်ခံစားကြည့်စေချင်ပါတယ်။ မိသားစုတွေအချင်းချင်းစည်းလုံးသင့်တယ်ဆိုတဲ့ အသိပညာလေးလည်းရသလို မပျင်းရအောင် ဟာသလေးတွေလည်းညှပ်ထည့်ထားလို့ ကြည့်ပျော်မယ့်ကားကောင်းလေးတစ်ကားလဲဖြစ်ပါတယ်။ ဘာသာပြန်ပေးထားတာကတော့ Moe Pwint ဖြစ်ပြီး Thit San Khant မှ တင်ဆက်ပေးထားပါတယ်