-
Movie Name
-
Chinatown (1974)
-
Year
-
1974
-
Generes
-
Drama, Thriller
-
Code
-
EN0212
-
Type
-
Movie
-
Size
-
1 GB
-
Country
-
Hollywood
-
Description
-
Chinatown (1974)
====================
IMDB rating – 8.2/10
Rotten Tomatoes – 99%
၁၉၃၇ ရဲ့ နေ့တစ်နေ့မှာ LAမြို့က Jake Gittes ဆိုတဲ့ အလွတ်တန်းစုံထောက်တစ်ယောက်ဆီကို
Evelynဆိုတဲ့ အမျိုးသမီးတစ်ယောက်က အမှုအပ်ဖို့ရောက်လာပါတယ်
% buffered
00:00
-00:08
Download
Your browser does not support the video tag.
ရောက်လာတဲ့ အကြောင်းရင်းက သူ့ယောက်ျားဖောက်ပြန်နေတာကို စုံစမ်းပေးဖို့ပါ
သူယောက်ျားကလည်း သာမန်လူတော့ မဟုတ်ဘူး
LA Department of Water and Powerရဲ့ အကြီးတန်းအင်ဂျင်နီယာ တစ်ယောက်
Jakeလည်း သူ့ကိုေနာက်ေယာင်ခံလိုက်တယ်
ပြီးရင် အမျိုးသမီးတစ်ယောက်နဲ့ အတူတွဲမြင်နေရတဲ့ဓာတ်ပုံကိုရိုက်ပြီး နောက်နေ့သတင်းစာ ရှေ့ဖုံးမှာ ထည့်လိုက်တယ်
အဲ့နေ့မှာဘဲ Evelyn အစစ်ဆိုတဲ့ အမျိုးသမီးတစ်ယောက်က မကျေမနပ်ဖြစ်ပြီး တရားစွဲမယ်လုပ်တယ်
Jakeလည်း ဒီကိစ္စကို တည့်ေဖြရှင်းချင်လို့ Mr.Mulwray နဲ့တွေ့ဖို့လုပ်ပေမယ့်
မတွေ့ဖြစ်လိုက်ဘူး ဒါပေမယ့် နောက်နေ့ရောက်တော့ ရေနစ်သေနေတဲ့ Mr.Mulwrayကို တွေ့လိုက်ရတယ်
ဒီလူသေမှုက ထင်ထားသလောက်မရိုးရှင်းဘူး
Jakeတစ်ယောက် ဒီအမှုရဲ့ တရားခံ၊
နောက်ကွယ်က အမှန်တရားတွေကို ဖော်ထုတ်နိုင်ပါ့မလားဆိုတာ ကြည့်ကြလိုက်ရအောင်
**************************************
Chinatownဟာ Neo-Noir အမျိုးအစားဇာတ်ကားဖြစ်ပြီး California Water Warsကို
အခြေခံကာ ရိုက်ကူးထားတာဖြစ်ပါတယ်
နာမည်ကျော်ဒါရိုက်တာကြီး Roman Polanski ရဲ့ လက်ရာကောင်းတစ်ခုဖြစ်ပြီး
Best Original Screenplayဆုကို ရထားတဲ့ အော်စကာဆုရ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်
Castအပိုင်းမှာတော့ နာမည်ကြီးတွေဖြစ်ကြတဲ့
Jack Nicholson၊ Fuye Dunawayနဲ့ John Hustonတို့ ပါ၀င်ပါတယ်
ဒီကားဟာ Jack NicholsonကိုပထမဆံုးOscarဆုရသွားေစတဲ့
One Flew Over The Cuckoo’s Nest(1975)မတိုင်ခင်
ထွက်ခဲ့တဲ့ကားပဲဖြစ်ပါတယ်
အကောင်းဆုံးဇာတ်ကားစာရင်း၀င်ဖြစ်တဲ့အတွက် ကြည့်ဖြစ်အောင်ကြည့်ပါလို့ တိုက်တွန်းပါရစေ
(ဘာသာပြန်နဲ့ အညွှန်းကတော့ Daniel Lawwai ပဲဖြစ်ပါတယ်)