Movie Name
Fade Away (ပျယ်လွင့်သွားသောအတိတ်ပုံပြင်)
Year
2020
Generes
Drama, Romance
Code
ST0186
Type
Series
Size
11.7 GB
Country
Thai
Description
ပျယ်လွင့်သွားသောအတိတ်ပုံပြင် ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ကားလေးကတော့ စက်တင်ဘာလ ၁၇ ရက်နေ့ကစပီး Ch3 ကနေ အပတ်စဉ် ဗုဒ္ဓဟူး၊ကြာသပတေး တွေမှာ ထုတ်လွှင့် ပြသနေတဲ့ Romantic Drama လေးပဲ ဖြစ်ပါတယ် ❤️ Main Cast _ Toey Pongsakorn Toey Jarinporn ဇာတ်လမ်းအကျဉ်းလေးကတော့ .... ပန့် နဲ့ ပေါင့် ဆိုတဲ့ မိဘမဲ့မောင်နှမနှစ်ယောက်ကို အဖွားဖြစ်သူက ထမင်းဆိုင်လေးဖွင့်ပြီး ရှာကျွေးခဲ့ပါတယ် .... လက်ရာအတော်ကောင်းမွန်တာကြောင့် အနီးအနားပတ်ဝန်းကျင် က မသိသူမရှိမလောက်ပါပဲ .... တစ်နေ့ မှာ အကိုဖြစ်သူပေါင့် မတော်တဆ တစ်ခုကြောင့် ပျောက်ဆုံးသွားခဲ့ပါတယ် .... ညီမဖြစ်သူပန့်က တနေ့ကျရင် အကိုဖြစ်သူက သူ့ဆီ ပြန်လာလိမ့်မယ်ဆိုတဲ့အတွေးနဲ့ အသက်ဆက်ရှင်နေခဲ့တာပေါ့ .... တနေ့ကျရင် TV မှာပါလာအောင်လုပ်နိုင်ခဲ့ရင် သူမရဲ့အကိုပေါင့်ကသူ့ကိုရှာတွေ့နိုင်မယ်ဆိုတဲ့အတွေးနဲ့ပေါ့ .... တနေ့မှာသူမရဲ့ အတွေးအိမ်မက်လေးအမှန်တကယ်ဖြစ်လာပါ‌တော့တယ် .... သူမရဲ့ အစားအသောက် YouTube Channel က လူကြည့်များလာပြီး TV Channel မှာ ပါလာဖို့ဖြစ်လာပါတော့တယ် .... TV Channel က ဒါရိုက်တာက သူမကို အမြဲတမ်းပင်တိုင် အစီ အစဉ်တင်ဆက်သူထားပေးမယ်ဆိုပြီး သူမကို မုဒိန်းကျင့်ဖို့လုပ်နေတာကို ဒါရိုက်တာမိန်းမ က တွေ့သွားတော့ ဒါရိုက်တာက ပန့်ကသူ့ကိုမြူဆွယ်တာပါ ဆိုပီး မိန်းမဖြစ်သူ ကို လိမ်လည်ခဲ့ပါတယ် ... ဒါရိုက်တာ ရဲ့ မိန်းမဖြစ်သူက ပန်ကို အငြိုးထားပြီး ရိုက်ကွင်းပစ္စည်းဖျက်စီးတယ်ဆိုတဲ့ ခေါင်းစဉ်အမည်ခံကာ ဘတ် ၁၀သိန်းလျှော်ကြေးတောင်းပါတော့တယ် .... ၇ ရက်အတွင်းမှမပေးနိုင်ရင် ပန့်ထောင်ထဲဝင်ရမှာပဲဖြစ်ပါတယ် .... ပန့်ရဲ့သူငယ်ချင်းစုန့် အကူအညီကြောင့် သူမနဲ့ အလွဲလေးတွေနဲ့ တွေ့ဆုံဖြစ်ခဲ့တဲ့ အကိုဖူတို့ Company စားဖိုဆောင်မှာ အလုပ်ဝင်ဖို့ဖြစ်လာတဲ့အခါမှာတော့ ... ဘာတွေဆက်ဖြစ်မလဲဆိုတာ ဆက်ကြည့်လိုက်ရအောင် 💕 ရိုလည်းအရမ်းရိုပီး ဇာတ်လမ်းလည်းအရမ်းကောင်းတာမို့ လက်မလွှတ်တမ်းကြည့်ရှု အားပေးကြပါဦးနော် 💕