Movie Name
Infidel (2019)
Year
2019
Generes
Action, Thriller
Code
EN0217
Type
Movie
Size
1 GB
Country
Hollywood
Description
ဒေါ့ဂ်ရော်ဝင်းစ်ဟာ ဘာသာရေးနဲ့ပတ်သတ်သမျှကို ပွင့်ပွင့်လင်းလင်း ဝေဖန်ရေးသားနေလေ့ရှိတဲ့ ခရစ်ယာန်ဘာသာဝင် အမေရိကန်လူမျိုးဂျာနယ်လစ်တစ်ယောက်ပါ။ တစ်ရက်မှာတော့ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ အစ္စလာမ်ဘာသာနဲ့ ခရစ်ယာန်ဘာသာကြား တူညီမှု ကွဲပြားမှုတို့ကို အမြင်ချင်း ဖလှယ်ဖို့ ဖိတ်ကြားချင်ခံခဲ့ရပါတယ်။ % buffered 00:00 -00:01 Download Your browser does not support the video tag. ဒါပေမဲ့ ဟောပြောပွဲမှာ စကားကျွံပြီး ပြောခဲ့မိတာကြောင့် အစ္စလာမ်ဘာသာဝင်တွေကြား အုံကြွမှုဖြစ်ကာ အမေရိကန်သူလျိုအဖြစ် မတရားအစွပ်စွဲခံရတဲ့အပြင် ဖမ်းစီးခြင်းခံရကာ အီရန်မှာ ရုံးတင်စစ်ဆေးခြင်းခံခဲ့ရပါတယ်။ သူ့အတွက် အဆိုးဆုံးအနေအထားရောက်ရှိနေတဲ့အပြင် အမေရိကန်အစိုးရရဲ့ ကာကွယ်မှုလည်းမရှိတော့ အချိန်မရွေးသေဒဏ်ပေးခံရမဲ့ အခြေအနေရောက်ရှိနေပါတယ်… ဒီလိုအခြေအနေမျိုးမှာ သူဘယ်လိုရုန်းထွက်မလဲ…ကယ်မဲ့သူရောရှိပါ့မလား…. ဘာသာရေးကိစ္စဆိုတော့ သက်ညှာမှုလုံးဝမရှိတဲ့သူ့အနေအထားမှာ မျှော်လင့်ချက်ဆိုတာဘာဆို ဘာာမှမရှိပါ… ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့….. Infidel ဇာတ်ကားဟာ နိုင်ငံရေးအပေါ် ဘာသာရေးရဲ့လွမ်းမိုးမှု၊ ကမ္ဘာတဝှမ်း အထူးသဖြင့် အရှေ့အလယ်ပိုင်းနိုင်ငံ‌တွေမှာ ဂျာနယ်လစ်တွေ နှစ်အတော်ကြာ ခံစားခဲ့ရတဲ့ ဥပဒေမရှိ တရားမဲ့လုပ်ရပ်တွေကို ပုံဖော်ရိုက်ကူးထားခြင်းဖြစ်တာကြောင့် ဇာတ်လမ်းကောင်းမွန်တဲ့အက်ရှင်ကားဖြစ်ကြောင်း သတင်းကောင်းပါးပါရစေ… ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Thithtoo Zaw ပဲဖြစ်ပါတယ်…..