Movie Name
Rogue City (2020)
Year
2020
Generes
Action, Crime
Code
EN0220
Type
Movie
Size
1 GB
Country
Hollywood
Description
ပြင်သစ် Crime, Drama, Action ဇာတ်ကားလေးပါ။ ခပ်အေးအေးနဲ့ ခပ်ကောင်းကောင်းနဲ့ ဒုစရိုက်သမားတွေနဲ့ ရဲတွေကြားက အရှုပ်တော်ပုံကို ရိုက်ပြထားတာပါ။ စိတ်ဝင်စားစရာ စပိုင်ဇာတ်လမ်းတစ်ပုဒ်ကို ဖတ်နေရသလိုခံစား ရပါလိမ့်မယ်။ ဒီဇာတ်ကားထဲက ဇာတ်ကောင်တစ်ယောက် ပြောသွားသလိုပဲ ရဲနဲ့ လူဆိုးတွေကြားမှာ ကွာတာဆိုလို့ တံဆိပ်ပဲရှိတယ်ဆိုသလိုပါပဲ။ ဒီဇာတ်ကားထဲကရဲတွေက အကျင့်ပျက်ခြစားနေတာ မဟုတ်ပေမဲ့ လူဆိုးတွေနဲ့ ဆက်ဆံ နေရတဲ့သူတွေဆိုတော့ အနည်းနဲ့အများ အမှားမကင်းတာတွေရှိပါတယ်။ သူတို့လည်းလူပဲမဟုတ်လား။ ရဲတွေနဲ့ လူဆိုး တွေနဲ့ ပတ်သက်မိတဲ့တာတွေ ပူးပေါင်းလုပ်ရတာတွေ အချင်းချင်း ပြန်သစ္စာဖောက်တာတွေ မဟာမိတ်ဖွဲ့ပြီး ရန်သူကို တိုက်တာတွေ စုံနေတာပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ဇာတ်လမ်းစကတည်းက ရှုပ်နေတာဆိုတော့ ရှုပ်နေတာကစပြီး တဖြည်းဖြည်းချင်း ရှင်းအောင် ရိုက်ကူးပြထားတာမို့ Voting ခပ်များများရထားတဲ့ ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ d3mon ပဲဖြစ်ပါတယ်။)