Movie Name
အငယ်‌အနှောင်း (Mia Noi) (2019)
Year
2020
Generes
Drama
Code
ST0188
Type
Series
Size
7.35 GB
Country
Thai
Description
“အငယ်အနှောင်း👱‍♀️/Mia Noi” (2019) ~•~•~•~√~√~~•~••~•~•~••~•~•• မြန်မာစာတန်းထိုး ထိုင်းဇာတ်လမ်းတွဲ ***************************** ယခုတစ်ခါ တင်ဆက်ပေးမှာကတော့ ခွန်သူလာအဖြစ် Smart Krissada ခွန်ချလာထွန်အဖြစ် Mook Worranit ဇာတ်လမ်းအကျဉ်း👇 ချလာတို့မိသားစုဟာ ဆင်းရဲပြီး ရိုးသားကြိုးစားကြသူတွေပါ👨‍👩‍👧‍👦ချလာရဲ့အဖေက👨‍🦳သူဌေးတစ်ယောက်ရဲ့စက်ရုံမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားခေါင်းဆောင်ပါ တစ်နေ့ကျ သူဌေးက အရွယ်ရောက်လာတဲ့ အလုပ်သမားသမီး ချလာကိုတွေ့ပြီး တဏှာစိတ်တွေပွားကာ ချလာကိုအပိုင်သိမ်းဖို့ ကြံပါတော့တယ်🙂😈အဲ့တော့ ချလာ့အဖေ့ကိုအရက်မူးအောင်တိုက်ပြီး ငွေငါးသန်းကိုအလွဲသုံးစားလုပ်တယ်ဆိုတဲ့ချက်လက်မှတ်ကို ထိုးခိုင်းလိုက်တယ်🤧 ချလာကလည်း မတရားအကြွေးတင်ခံရတဲ့အဖေ့ကိုကူညီဖို့ ရှေ့နေခွန်သူလာကို အကြံတောင်းပါတော့တယ် ခွန်သူလာလည်းတတ်နိုင်သလောက်ကူညီပေမယ့် ချလာတို့မိသားစုက ငွေတွေကိုမလျော်နိုင်တော့ ယုတ်မာစဉ်းလဲတဲ့ သူဌေးက ချလာကိုသူ့ရည်ရွယ်ချက်အတိုင်း သူ့မယားငယ်လုပ်ခိုင်းပြီး အပိုင်သ်ိမ်းခေါ်သွားပါတော့တယ်😪 သူဌေးက ချလာ့ကိုရိုက်နှက်ချင်ရိုက် အဓမ္မကျင့်ချင်ကျင့် မစာမနာနှိပ်စက်ပါတော့တယ်😢ချလာလည်း တစ်နေ့ကျ သူဌေးကိုလက်စားချေမယ်လို့ စိတ်ထဲကြုံးဝါးထားပါတယ်😶တစ်နေ့ကျ ချလာလည်း ခွန်သူလာနဲ့အမှတ်မထင် ပြန်ဆုံမိသွားတယ် တစ်နေ့တော့ ချလာဟာ အလှမယ်ပြိုင်ပွဲတစ်ခုကို ဝင်ပြိုင်ရင်း အာဏာကြီးတဲ့ သခင်ကြီးကရစ်စနနဲ့ဆုံခွင့်ရရင်း သခင်ကြီးရဲ့မယားငယ်အဖြစ် လက်ခံရင်းသူဌေးကို လက်စားချေပါတော့တယ်☹️ဒါပေမယ့် သခင်ကြီးရဲ့ကိုယ်ပိုင်ရှေ့နေက ခွန်သူလာဖြစ်နေတော့ အရင်ကတည်းက တစ်ယောက်ကို တစ်ယောက် ခံစားချက်ရှိနေကြတဲ့ ချလာနဲ့ခွန်သူလာတို့ ဆုံမိပြန်တယ်🥺 ချလာကရော သူဌေးကို အဆုံးစွန်ထိ လက်စားချေနိုင်မှာလား အာဏာကြီးသူပီပီ သခင်ကြီးကရစ်စနမှာ မယားငယ်တွေများတော့ မယားအချင်းချင်းကြား အရှုပ်တွေပေါ်ပြီး ချလာ့ကို ဘယ်လိုအကောက်ကြံကြအုံးမလဲ😓 ဘဝတစ်လျှောက် မယားငယ်ဖြစ်နေရတဲ့ ချလာကရော မယားငယ်ဘဝကနေ ရုန်းထွက်နိုင်ပါ့မလား ချစ်တဲ့ခွန်သူလာနဲ့ရော ပေါင်းဖက်နိုင်ပါ့မလား🤨 ခပ်ကြမ်းကြမ်း ပါးရိုက်နားရိုက်နဲ့ဆိုတော့ ကြည့်ရှုအားပေးလိုက်ကြရအောင်နော်🥰🥰🤩