Movie Name
Closer To Heaven (2009)
Year
2009
Generes
Drama, Romance
Code
KR0021
Type
Movie
Size
700 MB
Country
Korea
Description
Closer to Heaven (2009) မင်းသမီးဟာဂျီဝန် ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားဟောင်းလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ် အသုဘအခမ်းအနားတွေကိုပြင်ဆင်လုပ်ကိုင်ပေးတဲ့ ဂျီဆူးဟာ အရမ်းကိုကြင်နာစိတ်ရှိတဲ့​ကောင်မ​လေးပါ လူ​​တွေကိုလည်းအတတ်နိုင်ဆုံးကူညီ​​ပေးတတ်ပါတယ် ဒါ​ပေမယ့် သူဟာ လူ​​သေအ​လောင်း​တွေကို အလှပြင်​ပေးရတဲ့သူမို့လို့ သူ့ရဲ့လက်ကို မင်္ဂလာမရှိတဲ့လက်ဆိုပြီး​ ပြောဆိုကြပါတယ် % buffered 00:00 -00:01 Download Your browser does not support the video tag. ရည်းစားဟောင်းဖြစ်သူကလည်း ပြတ်ဖို့အ​ကြောင်းရှာမရ​တော့ သူ့ရဲ့လက်က​ကြောက်ဖို့​ကောင်းလို့ဆိုပြီးဖြတ်သွားခဲ့ပါတယ် ဒီလိုသနားစရာကောင်းလှတဲ့ဘ၀မှာ နေထိုင်နေရတဲဲ့ ဂျီဆူးဘ၀ထဲကို တစ်နေ့မှာတော့ ဂျုံးဝုဆိုတဲ့ လူတစ်​ယောက်ဝင်​ရောက်လာခဲ့ပါတယ် ေပြာရရင် ဂျုံးဝုဟာလည်း လူ​ကောင်းတစ်​ယောက်​တော့မဟုတ်ပါဘူး ကုသလို့မရနိုင်တဲ့ ကြွက်သားအားနည်း​ရောဂါကိုခံစား​နေရတဲ့ လူတစ်​ယောက်ပါ ဒါ​ပေမယ့်လည်း သူဟာ သူ့ဘဝကို အရှုံးမ​ပေး​ပါဘူး ရှေ့နေတစ်​ယောက်မဖြစ်ဖြစ်အောင်ကြိုးစားမယ်လို့ စိတ်ပိုင်းဖြတ်ထားတဲ့သူပါ သူဟာ ဂျီဆူးကို မြင်မြင်ချင်းချစ်မိခဲ့ပြီး သူ့နားမှာ​နေ​ပေးဖို့ တောင်းဆိုခဲ့ပါတယ် လူ​တွေကိုကြင်နာသနားတတ်တဲ့ ဂျီဆူးဟာလည်း သ​ဘောတူခဲ့ပြီး​​တော့ ဂျုံးဝုခံစားနေရတဲ့ ရောဂါကို ပျောက်ကင်းအောင်ကူညီပေးမယ်ဆိုပြီး ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ် Drama ဇာတ်ကားဖြစ်​နေတာနဲ့အညီ လွမ်း​ဆွေးငို​ကြွေးရတဲ့ရသတွေကို သေချာ​ပေါက်ခံစားကြည့်ရှုရမှာပါ ရှေ့ဆက်ပြီး သူတို့နှစ်​ယောက်အခက်အခဲ​တွေကို ဘယ်လိုရင်ဆိုင်​ဖြေရှင်းကြမလဲဆိုတာ​တွေ သူတို့နှစ်​ယောက်ကြားက ခိုင်မာတဲ့ချစ်ခြင်းတရား​တွေကို တ၀ကြီး ကြည့်ရှုရမှာဖြစ်ပါတယ် ဇာတ်လမ်းလေးကကြည့်လိုက်ရင်ရိုးသလိုဖြစ်နေပေမယ့် ကြည့်ရှုသူကိုအဆုံးထိဆွဲခေါ်သွားနိုင်ပါတယ် ဘာပဲပြောပြော ဇာတ်ကားကောင်းတစ်ကားဆိုတာကိုတော့ ငြင်းလို့မရနိုင်ဘူးပေါ့ Drama ဇာတ်ကားတစ်ကားဖြစ်တဲ့အတွက်ကြောင့် မျက်ရည်ခိုင်ခိုင်ထားပြီမှး ကြည့်ကြဖို့တိုက်တွန်းချင်ပါတယ် ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Thet Hnin Hsu ပါ