Movie Name
The King 2 Hearts
Year
2012
Generes
Action, Drama
Code
SKR0122
Type
Series
Size
7.82 GB
Country
Korea
Description
ဒီတခါတော့ လေဒီတို့အသည်းကျော်မျောက်(အိုဂုံ)လေးကို အလွမ်းပြေကြည့်ဖို့ အိုဂုံ ရဲ့ ဇာတ်လမ်းတွဲ အဟောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် …… ဒီဇာတ်လမ်းတွဲလေးကို၂၀၁၂ မှာ MBC ရုပ်သံလိုင်းက လွှင့်ခဲ့တာဖြစ်ပြီး IMDb Rating 8/10 ရထားတဲ့ ဇာတ်လမ်းလေး ဖြစ်ပါတယ် … ဇာတ်လမ်းအကျဉ်းလေးကတော့ – ဘုရင်လုံးဝမဖြစ်ချင်၊ ကိုယ့်အတွက်ကိုယ်သာသိတတ်၊ ဖြတ်ထိုးဉာဏ်လည်းအင်မတန်ကောင်းတဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ အိမ်ရှေ့စံမင်းသား လီဂျယ်ဟာ (ယူတို့ရဲ့အိုဂုံလေး/Lee Seung-Gi) နဲ့ မြောက်ကိုရီးယားနိုင်ငံ အထူးတပ်ဖွဲ့စစ်ရေးပြနည်းပြဖြစ်ဖူးသူ၊ လက်ရှိမှာလည်း တပ်ထဲမှာ စစ်ရေးပြသင်တန်းမှုးဖြစ်ပြီး တိုက်ရေးခိုက်ရေး အင်မတန်ကျွမ်းကျင်လှတဲ့ ရဲဘော် ကင်ဟန်းအာ(Ha Ji-Won – Hospital Shipထဲကမင်းသမီး) တို့ဟာ … တောင်-မြောက်တစ်သင်းတည်းပေါင်းပြီး WOC (World Officers Contest) မှာ ပါဝင်ဆင်နွှဲဖို့ အတူလေ့ကျင့်ရေးဆင်းရင်း မတည့်အတူနေရဲဘော်ရဲဘက်အဖြစ်ကနေ ကြင်ရာဖက်တွေဖြစ်လာဖို့အကြောင်း ဖန်လာသောအခါ … ဉာဏ်နီဉာဏ်နက်အင်မတန်များတဲ့ ငပျင်းမင်းသားလေးကို WOC အတွက်လေ့ကျင့်ရေးမှာ အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ကင်ဟန်းအာက ဘယ်လိုတွေလေ့ကျင့်ခိုင်းမလဲ … ရန်ဖြစ်ရင်း တစ်ယောက်စိတ်ထဲ တစ်ယောက်ဘယ်လိုတွေ ရောက်ရှိကုန်ကြမလဲ အပြင် … လက်ထပ်ရမဲ့ကြင်ရာဖက်တွေဖြစ်လာတဲ့အခါ ဘယ်လိုအခက်ခဲတွေ ရင်ဆိုင်ရမလဲ….. ငြိမ်းချမ်းရေးကိုဖော်ဆောင်မဲ့ တောင်-မြောက်နှစ်သင်းပေါင်းပြီး WOC မှာဆင်နွှွဲဖို့လည်း သာယာဖြောင့်ဖြူးနိုင်ပါ့မလား …. အထူးသဖြင့် လူမျိုးတူ နိုင်ငံတူဖြစ်ပြီး နှစ်ခြမ်းကွဲနေတဲ့အတွက် ဘယ်လိုအယူဝါဒတွေ ၊ ခံယူချက်တွေ ကွဲပြားနေမလဲ၊ တစ်ဦးနဲ့တစ်ဦးရော ယုံကြည်မှု ထားနိုင်ပါ့မလားဆိုတာ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုအားပေးကြပါနော်…. ပုံမှန်ဇာတ်ကားတွေမှာလို Hero က မင်းသားမဟုတ်ဘဲ မင်းသမီး ဖြစ်နေတဲ့အတွက် အမြင်တစ်မျိုးဆန်းသစ်စေမှာပါ … ဒါ့အပြင် ယူတို့အိုဂုံလေးရဲ့ လက်မြန်ခြေမြန်ရှိမှုတွေ မင်းသမီးကိုဆို ဘယ်လိုတွေနှိမ်ရင်း သဝန်တိုမလဲဆိုတာ ဘာသာပြန်ရင်းနဲ့တောင် ရင်တွေတလှပ်လှပ်တုန်ရတယ်လို့ပြောရင်ယုံလိုက်ကြပါ … အချစ်၊ အလွမ်း၊ဟာသ ၊ အက်ရှင် အစုံပါတဲ့ဇာတ်လမ်းလေးမို့ ကြည့်ရှုသူတွေကို ရသပေါင်းစုံခံစားရစေမှာပါ .. တစ်ခြား နာမည်ကြီးသရုပ်ဆောင်ပေါင်းများစွာကလည်း ဇာတ်ရုပ်နဲ့အံဝင်ဂွင်ကျ နွားကွဲရင် ကျားဆွဲတတ်တဲ့ လောကနိယာမတွေ ၊ အကျိုးမြတ်အတွက်ဆို ဘယ်သူ့ကိုမဆို စတေးပစ်မဲ့စရိုက်တွေ ၊ ခေါင်းဆောင်ကောင်းတို့ရဲ့ စိတ်ထား ၊ ကိုယ့်အလုပ်အပေါ် သစ္စာရှိမှု အစရှိတာတွေကို ပေါ်လွင်အောင်သရုပ်ဆောင်ထားကြတာမို့ကြည့်ရှုသူတွေကို သင်ခန်းစာလည်းရစေနိုင်တဲ့ ဇာတ်လမ်းတွဲလေး ဖြစ်ပါတယ် … ကြည့်ရှုအားပေးကြပါအုံးနော်..