Movie Name
My Wife Got Married (2008)
Year
2008
Generes
Comedy, Romance
Code
KR0023
Type
Movie
Size
811 MB
Country
Korea
Description
My wife got married 2008 —————————————— တစ်ရက်မှာ မထင်မှတ်ပဲ ကျွန်တော်သိပ်ချစ်ရတဲ့ သူမနဲ့ ပြန်ဆုံတွေ့ခဲ့တယ်….. သူနဲ့ပက်သက်ရင် အမြဲလွဲတတ်တဲ့ ကျွန်တော်ဟာ ဒီတခါတော့ ကံကြမ္မာရဲ့ မျက်နှာသာပေးမှုနဲ့ ပြန်ဆုံတွေ့ခဲ့ရပြီး ချစ်ကြိုးသွယ်နိုင်ခဲ့တယ်…….. % buffered 00:00 -00:06 Download Your browser does not support the video tag. ဒါပေမယ့် ကျီစားတတ်တဲ့ ကံကြမ္မာရဲ့လှည့်စားမှုကြောင့် တနေ့မှာ မထင်မှတ်ပဲ သူ့စကားတခွန်းကြောင့် ကျွန်တော်ဘဝထပ်ပြီး လမ်းပျောက်ခဲ့ရပြန်ပါတယ်….. သူပြောခဲ့တဲ့စကားက “သူ့မှာနောက်တစ်ယောက်ရှိနေကြောင်းနဲ့ သူ့ကိုပဲ လက်ထပ်ချင်ကြောင်းပါ”ပဲ……………. တစ်နေ့မှာ ဒေါ့ဟွန်းဟာ အရင်က လုပ်ဖော်ကိုင်ဖက်အနေနဲ့ တဖက်သတ်လဲ ချစ်ခဲ့ရတဲ့ ဂျူအင်နာကို ပြန်တွေ့ခဲ့တယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ နှစ်ယောက်လုံးက ဘောလုံးပွဲကြည့်ရတာ ဝါသနာပါနေခဲ့ကြတယ်။ ဂျူအင်နာရဲ့ စိတ်ဓာတ်တွေ ဝါသနာတွေ ချစ်ဖို့ကောင်းမှုနဲ့ ဆွဲဆောင်မှုရှိတာတွေကြောင့် ချစ်သူတွေဖြစ် လက်ထပ်ကြပြီး အပျော်ကြီးပျော်နေခဲ့ကြပေမယ့် တစ်ရက်မှာ ရုတ်တရတ် ဂျူအင်နာက သူ့မှာနောက်တစ်ယောက်ရှိနေပြီဖြစ်ကြောင်း ဒေါ့ဟွန်းကို အသိပေးလာတော့တယ်။ ဒေါ့ဟွန်းအနေနဲ့ သူသိပ်ချစ်ရတဲ့ မိန်းကလေး ပျော်စေချင်တဲ့စိတ်နဲ့ ပေးဆပ်တဲ့အချစ်နဲ့ လက်လွှတ်လိုက်မလား အတ္တစိတ်နဲ့ သူမကို ပြန်လွန်ဆွဲမလား ကြည့်ရှုရမယ့် ဒရာမာဇာတ်ကားလေးပါ………