Movie Name
Agatha And The Midnight Murders (2020)
Year
2020
Generes
Drama
Code
EN0226
Type
Movie
Size
783 MB
Country
Hollywood
Description
ကမ္ဘာပေါ်မှာအအောင်မြင်ဆုံးစုံထောက်ဝတ္ထုတွေကိုရေးခဲ့တဲ့ စာရေးဆရာမကြီးအဂ္ဂသာခရစ်စတီးကို ဇာတ်အိမ် တည်ပြီး ရိုက်ကူးထားတဲ့ လျှို့ဝှက်မှုခင်းဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဒီကားလေးမှာ စာရေး ဆရာမကြီးခရစ်စတီးဟာ စီးပွားရေးပျက်လုနီးပါးဖြစ်ပြီး အခွန်အကြွေးတွေပါပေးစရာရှိတာကြောင့် သူ့ရဲ့ နာမည်ကျော်ဇာတ်ကောင်ပွိုင်ရော့(Poirot)ကို သေခိုင်းလိုက်တဲ့ ဝတ္ထုတစ်ပုဒ်ကိုရေးခဲ့ပါတယ်။ အဆိုပါ ဝတ္ထုရဲ့လက်ရေးမူကို သူ့ရဲ့အမာခံပရိသတ်တစ်ဦးထံ ရောင်းချဖို့လုပ်ခဲ့ပါတယ်။ ရောင်းချဖို့အတွက်တွေ့ဆုံ နေကြတုန်းမှာ ဂျာမာန်တွေရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ကြုံရလို့ မြေအောက်ခန်းမှာရှောင်ပုန်းနေခဲ့ရပါတယ်။ မြေအောက်ခန်းထဲမှာပုန်းနေတုန်း သူ့ရဲ့ဝတ္ထုလက်ရေးမူကအခိုးခံလိုက်ရသလို လာဝယ်တဲ့လူကလည်း ရုတ်တရက်သေဆုံးခဲ့ပါတော့တယ်။ ဒီလောက်အထိပဲ ဇာတ်လမ်းအညွှန်းကိုပြောပြချင်ပါတယ်၊ စိတ်ဝင်စား စရာကောင်းတဲ့လှည့်ကွက်လေးတွေနဲ့ ဇာတ်အိမ်ကိုရိုက်ပြသွားတာလေးက အတော်ကိုသေသပ်ပါတယ်။ Mystery ကားတွေကြိုက်သူများအဖို့အတွက်တော့ ကြည့်သင့်တဲ့ရုပ်ရှင်ကားကောင်းတစ်ကားလို့ ညွှန်းဆို ရင်း တင်ဆက်ပေးလိုက်ပါရစေ။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Chit Tee ပဲဖြစ်ပါတယ်။)