Movie Name
Last Letter (2020)
Year
2020
Generes
Romance
Code
JP0005
Type
Movie
Size
1.01 GB
Country
Japan
Description
ဟိုးတုန်းက လူတွေက တစ်ယောက်ကိုတစ်ယောက် စာ‌တွေနဲ့ဆက်သွယ်ခဲ့ကြတယ်။ ဒီစာ‌လေးတွေမှာ ကျွန်တော်တို့ မက်ဆေ့တွေလို တမျှော်တခေါ် ပြန်လှန်ရှာနေရတဲ့ ဆိုးကျိုးမရှိဘူး။ ကိုယ့်ရင်ထဲ ထိရတဲ့ စာကြောင်းကလေးတွေကို အချိန်မရွေး ပြန်ဖတ်နိုင်ဖို့ အခွင့်အရေးပေးထားတယ်။ လေထဲကွယ်ပျောက်မသွားဘဲ အမှတ်တရအဖြစ် ထင်ကျန်နေမယ့် အရာကလေးတွေ‌ပေါ့။ ဒီဘက်ခေတ်ကြီးမှာ ရည်းစားစာပေးတဲ့ ဓလေ့က မထွန်းကားတော့ပါဘူး။ ဒါပေမဲ့ ကျွန်တော်တော့ ကောင်မလေးတစ်ယောက်ကို နှစ်နှစ်ကျော်ကြာ တစ်ပတ်တစ်ခါတစ်မျိူး တစ်လတစ်ခါတစ်ဖုံ ပေးဖြစ်နေတုန်းပဲ။ တစ်ချို့တွေလည်း ပေးဖြစ်ကြမယ်ထင်ပါတယ်။ ဒီရုပ်ရှင်ကလေးကလည်း စမတ်ဖုန်းတွေ ထွန်းကားနေတဲ့ ဒီခေတ်ကြီးမှာ စာတွေပေးဖြစ်နေကြတဲ့ လူတွေအကြောင်းပါပဲ။ သူတို့နှလုံးသားတွေကို စာအိတ်ထဲထည့်ပို့နေကြတဲ့ လူတွေပေါ့။ သူ့ဇာတ်အိမ်ထက်ကို ဇာတ်ကွက်ကလေးတွေက သိပ်ပြီးလှတယ်။ ငြိမ့်ငြိမ့်လေး အေးဆေးတဲ့ ရိုမန့်တစ်ဆန်မှုကလေးကိုရတယ်။ တစ်ကားလုံးစာလေးတွေပဲ အဓိကထားပြီးရိုက်ထားတယ် Ratingကောင်းပြီး ဖြည်းဖြည်းလေးနဲ့ ငြိမ့်ငြိမ့်လေး ခံစားကြည့်မယ်ဆိုရင်တော့ ဇာတ်ကားအပြီးမှာ မရေးဖြစ်တာကြာပြီဖြစ်တဲ့ ရည်းစာစာတစ်စောင် ကောက်ရေးပြီး ချစ်တဲ့သူကို ပေးမိသွားနိုင်တယ်။