-
Movie Name
-
Samjin Company English Class (2020)
-
Year
-
2020
-
Generes
-
Comedy, Drama
-
Code
-
KR0024
-
Type
-
Movie
-
Size
-
541 MB
-
Country
-
Korea
-
Description
-
ဒီဇာတ်ကားကိုတော့ ၁၉၉၅ခုနှစ်မှာ အခြေခံထားပါတယ်
လီဂျာယောင်း ဂျောင်ယူနာ ရှင်းဘိုရမ်ဆိုတာ တက္ကသိုလ်ဆက်မတက်နိုင်တဲ့
အထက်တန်းကျောင်းထွက်တွေဖြစ်ကြပေမယ့် ဘဝကိုကြိုးကြိုးစားစားနေထိုင်ကြပြီး
% buffered
00:00
-00:00
Download
Your browser does not support the video tag.
ဆမ်ဂျင်းအီလက်ထရောနစ်ကုမ္ပဏီရဲ့အမျိုးသမီးဝန်ထမ်းတွေလည်းဖြစ်ကြပါတယ်
အလုပ်မှာထူးချွန်သူတွေဖြစ်ကြပေမယ့် တက္ကသိုလ်မတက်နိုင်ခဲ့တော့
အဆင့်အတန်းခွဲခြားခံရင်း တစ်နေ့မှာ မန်နေဂျာဖြစ်နိုင်ဖို့ မျှော်လင့်နေကြတဲ့သူတွေပေါ့
ဒီလိုနဲ့ တစ်နေ့ ကုမ္ပဏီမှာ TOEIC အမှတ်၆၀၀ကျော်ရင် မန်နေဂျာဖြစ်နိုင်တယ်လို့
ကြေညာစာထွက်လာခဲ့တယ် အဲဒီအချိန်ကစပြီး သူငယ်ချင်း၃ယောက် ကြိုးစားပမ်းစား
အင်္ဂလိပ်စာသင်ခဲ့ကြတယ်
တစ်ချိန်တည်းမှာပဲ ကုမ္ပဏီရဲ့ရှေ့ရေးကို ထိခိုက်စေတဲ့
ဓာတုပစ္စည်းတရားမဝင်စွန့်ထုတ်မှုတွေ ကြုံတွေ့လာရတဲ့အခါ မန်နေဂျာဖြစ်ဖို့ကြိုးစားနေတဲ့
ကိုယ့်ရဲ့ရည်မှန်းချက်တွေကို ထိခိုက်မလာစေဖို့
ဒီတရားမဝင်စွန့်ထုတ်မှုရဲ့နောက်ကွယ်မှာ ဘယ်သူတွေရှိလဲ
ဒီကုမ္ပဏီကို ဘယ်လိုတွေကာကွယ်ရမလဲ ဘယ်သူ့လက်ထဲကနေ ကာကွယ်ရမလဲဆိုတာ
ဒီကားထဲမှာ စောင့်ကြည့်လိုက်ကြရအောင်
မင်းသမီး၃ယောက်လုံးကိုတော့ ကိုရီးယားဒရာမာပရိသတ်တွေ သေချာပေါက်ရင်းနှီးနေမှာအမှန်ပါပဲ
စုပေါင်းခြင်းသည်အင်အားဆိုတဲ့ ဆိုရိုးစကားကို ဒီဇာတ်ကားလေးထဲမှာ
အသေအချာတွေ့နိုင်ပါလိမ့်မယ် နောက်ပြီးတော့လည်း
သူငယ်ချင်းသံယောဇဉ် အထက်လူကြီးတစ်ယောက်ရဲ့မေတ္တာ
အလုပ်ခွင်သံယောဇဉ်နဲ့ယုံကြည်မှုတွေကို အပြည့်အဝခံစားရပါလိမ့်မယ်
သေချာပေါက်ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်လို့ ညွှန်းပေးချင်ပါတယ်