Movie Name
TMNT (2007)
Year
2007
Generes
Action, Animation
Code
AN0329
Type
Movie
Size
1.30 GB
Country
Hollywood
Description
ဒီကားလေးကတော့ လူငယ်ကြည့်ကြည့် လူကြီးကြည့်ကြည့်အဆင်ပြေတဲ့ လိပ်နင်ဂျင်ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းကတော့ ထုံးစံအတိုင်းလိပ်နင်ဂျာတို့ရဲ့ ရန်သူတော်ကြီးရှရက်ဒါကိုအနိုင်ယူပြီးအချိန်ကို ရိုက်ကူးထားတာပါ ရှရက်ဒါကိုအနိုင်ယူပြီး လီယိုနာဒိုကလေ့ကျင့်ရေးလုပ်ဖို့တောထဲထွက်သွားခဲ့ပါတယ် တစ်ဖက်မှာကျန်ခဲ့တဲ့ညီအစ်ကိုသုံးကောင်ကလည်းသူ့နည်းသူ့ဟန်နဲ့ရှင်သန်ရုန်းကန်နေကြတာပေါ့ ဒီတစ်ခါသူတို့ရင်ဆိုင်ရမဲ့ ရန်သူတော်ကြီးက လွန်ခဲ့တဲ့နှစ်သောင်ထောင်ကတည်းကအသက်ရှင်နေတဲ့ သူရဲကောင်းဘုရင်ကြီးရုတ်ပဲဖြစ်ပါတယ် သူဟာ ကီကန်ကြယ်ရဲ့အလန်းတန်းကိုအသုံးပြုပြီးဝင်ပေါက်တစ်ခုဖန်တီးရာကနေ မသေမျိုးဖြစ်လာခဲ့တာပါ တန်ကြေးအနေနဲ့ သူ့ညီအစ်ကိုဗိုလ်ချုပ်လေးယောက်ဟာကျောက်ရုပ်တွေဖြစ်သွားခဲ့ပါတယ် သူဟာနှစ်သုံးထောင်ကြာအောင်တစ်ယောက်ထဲနောင်တတွေနဲ့ရှင်သန်ပြီး သူ့ညီအစ်ကိုတွေကိုအသက်ပြန်သွင်းဖို့စောင့်နေပါတယ် ဝင်ပေါက်ကနေလွတ်နောက်ထပ်ဘေးထွက်ဆိုးကျိုးအနေနဲ့သတ္တဝါကြီး၁၃ကောင်ဟာလည်း ကမ္ဘာမြေပေါ်ကိုလွတ်ထွက်လာခဲ့ပါတယ် သတ္တဝါကြီး၁၃ကောင်ကို ပြန်ဖမ်းရင်း သူ့ညီအစ်ကိုစစ်ဗိုလ်တွေကိုအသက်ပြန်သွင်းမဲ့ ရုတ်ရဲ့အကြံအစည်ကို လိပ်နင်ဂျာတွေက တားဆီးမှာကို ကြည့်ရှူရမှာပဲဖြစ်ပါတယ် ။ ပေါ့ပေါ့ပါးပါးနဲ့ fight scene ကောင်းကောင်းလေးတွေပါတာမို့လို့ လက်လွှတ်မခံသင့်တဲ့ကားကောင်းလေးပဲဖြစ်ပါတယ် ။ ( အညွှန်းရေးသားပြီး ဘာသာပြန်ထားသူကတော့ T lone ဖြစ်ပါတယ် )