Movie Name
The Tricky Master (1999)
Year
1999
Generes
Action, Comedy
Code
CN0019
Type
Movie
Size
1.15 GB
Country
China
Description
The Tricky Master (1999) 🃏 ((Wong Jing နဲ့ Chowတို့ရဲ့ နောက်ဆုံးလမ်းခွဲ)) ဒီကားကို တစ်ချို့ က Tricky Brains ဆိုတဲ့ ကား နဲ့ ရောနေတတ် ကြပါတယ်။သဘောတရားတူပေမယ့် ဇာတ် လမ်းက မတူပါဖူး။ Tricky ဆိုတဲ့အဓိပ္ပာယ် လိမ်ညာမှု ၊လှည့်စားမှု ဆိုတဲ့စကားလုံးအရ နှစ်ကားလုံးက လိမ်ညာလှည့်စားတဲ့ဇာတ် ကားတွေပါ။ ၁၉၉၉ ခုနှစ် ၈ လပိုင်း ၅ရက်နေ့မှာ ထွက်ရှိခဲ့ ပြီး Box Office ကတော့ HKD ၁၉ မီလီယံကျော် ရရှိခဲ့ပါတယ်။Imdb Rating လဲ 5.8 ရရှိထားတဲ့ ၂၀၀၀ မပြည့်မှီ ချောင်ရဲ့နောက်ဆုံးကားလို့ဆိုရပါမယ်။ ၂၀၀၀ ပြည့်နှစ်ကျော်ပြီးကထဲက Chow ရဲ့ ဇာတ်ကားတွေအလွန်နည်းပါတယ်။KungFu Hustle , Shaloin Soccer, Cj 7 စတဲ့ဇာတ်ကားတွေမှာ ပဲ ချောင်ဟာ အကွက်စိတ်ပါ၀င်ပြီး ကိုယ်တိုင်ပါ၀င်ခြင်း‌ နည်းပါးလာပါတယ်။ ___________________ Plot,,, ခေါင်းစဉ်အတိုင်းTricky Master (လှည့်စားဆရာကြီး) Chow ကို မြင်တွေ့ရမှာဖြစ်ပြီး Nick Cheung ( နစ် ချန်း ) ဆိုတဲ့ မင်းသား တစ်ယောက် နဲ့ တွဲဖက်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ -ထောင်ကထွက်လာတယ့် လှည့်စားဘုရင် ချောင်။(Chow) -အမှု လိုက်ရာမှာ ကျွမ်း ကျင်မှု မရှိ ပဲ အလွဲ အမှား ဖြစ်တဲ့ သူ့ရဲ့ ယောက်ဖ(ရဲဝန်ထမ်း)။(Nick cheung) -ယောက်ဖရဲ့ အမှု တွေ ကို လှည့်စားနည်းပညာတွေနဲ့ ဘယ်လို အကူညီပေးမယ်? လှည့်စားနည်းတွေဘယ်လိုသုံးပြီး ဘယ်လို အနိုင်ယူ မယ်ဆိုတာတွေကို ကြည့်ရမှာပါ။ ဒီကားမှာဆိုရင် ချောင်ရဲ့ Tricky Brains ကားထဲကလို လှည့်စားတာ‌ေတွကို တွေ့ရမယ် ။ Gamblers Series ထဲကလို ဖဲ လောင်းကစားနည်းတွေ နှင့် အမှုလိုက် အက်ရှင် အခန်း လေးပါထည့်ထားတဲ့( Comedy,Crime ,Gambling) ၃ခုလုံးပါ၀င်တဲ့ ဇာတ်ကားလေးပါ။ ___________________ ဒါရိုက်တာ ကတော့Wong Jing ပဲဖြစ်ပါတယ်။ Wong jing (ဝေါင်ကျင်း) ဆိုသူကို ကြားဖူးကြမယ်ထင်ပါတယ် ။ ချောင် အောင်မြင်မှုရထားတဲ့ ကား အများ စု ကို ဝေါင်ကျင်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Wong Jing ရိုက်ထားတဲ့ ချောင်ရဲ့အ ကျော် အမော်ကားတွေက… -Hail The judge -Sixty Million Dollar Man -Royal Tramp 1 & 2 -Fight Back To School 3 -God Of Gamblers 2 & 3 -Tricky Brains နှင့် ယခုကား The tricky Master စတာတွေပဲ ဖြစ်ပါတယ်။ အပေါ်မှာ နောက်ဆုံးလမ်းခွဲဆိုတဲ့အတိုင်း.. Wong Jingနဲ့Chow တို့ရဲ့ပူးပေါင်းမှု ကြောင့်ကားကောင်းများစွာထွက်ခဲ့တာ အပေါ်ကစာရင်းအတိုင်း သက်သေပါပဲ။သို့သော် ဒီTricky Master 1999 ဟာ ချောင်နဲ့ဝေါင်ကျင်းတို့ရဲ့ နောက်ဆုံး ဇာတ်ကားဖြစ်ခဲ့ပါတယ်။ဒီကား‌ပြီးကထဲကချောင်ဟာ ကိုယ်တိုင်ရိုက်ကူး၊သရုပ်ဆောင်လာပြီး အခုထိလက္မတွဲတော့ပါဘူး။ အပြင်မှာ တွေ့ဆုံမှုလဲ အလွန်နည်းပါးပြီး အဆက်သွယ်ပြတ်ခဲ့တယ်လို့ interviewတစ်ခုမှာ ဖတ်ရပါတယ်။🌑 Wong Jing သည် ယခု အသက် ၆၄ နှစ်ဝန်းကျင်ရှိတဲ့ Producer,Director, Presenter, Actor တစ်ယောက် ဖြစ်ပါတယ် ။ သူသည် ယခုချိန်ထိ ဇာတ်ကားပေါင်း ခန့်မှန်းချေ ၁၇၅ ကားကို ရိုက်ကူး၊ထုတ်လုပ် ခဲ့ ပြီးသူကိုယ်တိုင်လဲ တချို့ကားတွေမှာ တတ်နိုင်သလောက် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီကားတွင် လည်း Wong Jing သည် ဗီလိန် နေရာ ၌ ပါဝင် သရုပ်ဆောင် ထား တာ ကို မြင်ရမှာဖြစ်ပါတယ်။ (ဖဲ ယှဉ် က စားသည့် ခပ်ဝ ဝ လူဆိုး ဂိုဏ်းဆရာကြီးသည် ဒီကားရဲ့ ဒါရိုက်တာပဲဖြစ်ပါတယ်။)🤎 သူကိုယ်တိုင်ရိုက်ပြီး သူကိုယ်တိုင် ဝင် သရုပ်ဆောင်ထားတာ မျိုး ပေါ့ ။ဒါဟာဒီကားမှမဟုတ်ပါဘူး။Chow ရဲ့ ကားတိုင်းလိုလိုမှာ လူဆိုး ဗီလိန်အနေဖြင့် ပါ၀င်သရုပ်ဆောင်ထားတာ ကို သတိထားတွေ့နိုင်ပါတယ်။