Movie Name
ဘဝဆက်ဆက်ထုံဖွဲ့မဲ့ချစ်ခြင်း
Year
2019
Generes
Drama
Code
ST0192
Type
Series
Size
6.28 GB
Country
Thai
Description
ဖလမ်ဖ /အူထိုင်ယိုထင်/ထိုင်ရဝေ အဖြစ် James Jirayu ဆီတန် /ဒွန်ခဲ /ဆက်စီနာ အဖြစ် Taew Natapohn ပါမောက္ခ အဒွန် /ဖီးဘန် /Thao Waan အဖြစ် poh Nattawut ပတ်ဘွန် /ဘွန်လွန် /သင်စရီအဖြစ် Boom Suphaphorn ဖလမ်ဖဆိုတဲ့ကောင်လေးဟာငယ်စဥ်ကတည်းက သူ့ရဲ့အတိတ်ဘဝနှစ်ဘဝကိုထူးထူးဆန်းဆန်းမှတ်မိနေခဲ့ပါတယ် အတိတ်ဘဝဆိုတာကတော့ ခရစ်နှစ် 957ခုနှစ်နဲ့ 1857ခုနှစ်ကဘဝတွေပါ ဒီလိုမျိုးအတိတ်ဘဝတွေကိုမှတ်မိနေတဲ့ ဖလမ်ဖ လေးအတွက် မိဘတွေကစိတ်မကောင်းဖြစ်ကြပါတယ် အဲ့ဒါကြောင့်အတိတ်ကိုသတိရနေတဲ့ဝေဒနာကိုကုသဖို့ အမေရိကကိုထွက်သွားခဲ့ကြပါတယ် အမေရိကကိုမထွက်ခင်ထိုင်းမှာတက်နေတဲ့ကျောင်းမှာပဲ ပတ်ဘွန် ဆိုတဲ့ကောင်မလေးကိုသဘောကျမိနေတာပါ (ကလေးချစ်လေးပေါ့) ဖလမ်ဖတစ်ယောက်အမေရိကကိုထွက်သွားပြီး ဆေးကုသမှုခံယူခဲ့ပါတယ် တကယ်လည်းပဲ အတိတ်ဘဝတွေကိုမေ့သွားပြီး သူမေ့သွားတဲ့ထဲမှာ ပတ်ဘွန်ဆိုတဲ့ကောင်မလေးလည်းပါသွားပါတယ် ဆေးကုသခြင်းရဲ့ဘေးထွက်ဆိုးကျိုးကတော့ ဖလမ်ဟာ အိပ်မက်မမက်တဲ့လူသားဖြစ်လာခဲ့ပါတော့တယ် အမေရိကမှာနေပြီး နှစ်(20)အကြာမှာ ဖလမ် ရဲ့အဖေ ကားအက်ဆီးဒန့်နဲ့သေဆုံးပြီးနောက် ဖလမ်တို့သားအမိလည်း တိုင်ပင်ပြီး ထိုင်းကိုပြန်လာကြပါတယ် ထိုင်းကိုရောက်တဲ့အခါ သတင်းထောက် အလုပ်ကို channel 6 လုပ်ကိုင်ခဲ့ပါတယ် အခြေအနေအရပ်ရပ်ကြောင့် နူးညံ့တဲ့ကောင်လေးဘဝကနေ ဒေါသကြီးတဲ့သူတစ်ယောက်အဖြစ်ပြောင်းလဲသွားပါတယ် ဆီတန်ဟာနာမည်ကြီးစာရေးဆရာတစ်ယောက်ရဲ့သမီးဖြစ်ပြီးတက္ကသိုလ်ပါမောက္ခတစ်ဦးလည်းဖြစ်ပါတယ် ထူးထူးခြားခြားသူမမှာလည်းအတိတ်ဘဝနှစ်ဘဝကိုမှတ်မိနေတဲ့စွမ်းအင်ပါလာခဲ့ပါတယ် မတော်တဆ ကိစ္စတစ်ခုကြောင့် ငယ်ရွယ်တဲ့ ရှေးဟောင်းသုတေသန ပါမောက္ခ ဆီတန်နဲ့ တွေ့ဆုံရဖို့ ဖန်လာခဲ့ပါတယ် တွေ့ဆုံရပြီးနောက်ပိုင်းကစပြီး ဖလမ်ဖဟာ တဖန် အတိတ်ကဘ၀တွေကို ပြန်မြင်လာခဲ့ရပြန်ပါတယ် ဖလမ်ဖက သေချာသွားခဲ့တာ တစ်ခုကတော့ ဆီတန်ကသာ သူရဲ့ လက်တွဲဖေါ်တယောက်ဆိုတာကိုပါ ဘာကြောင့်ဆိုတော့ သူတို့ ၂ယောက်ဟာ ဘ၀ပေါင်းများစွာ အတူလက်တွဲအတူနေထိုင်ခဲ့ကြသူမို့ပါ ဒါပေမယ့်လည်း မကောင်းဆိုးဝါးတွေက သူတို့ နောက်ကို ဒီဘ၀ထိ ၀င်ရောက်နှောင့်ယှက်ပြီး ဖလမ်ဖ နဲ့ ဆီတန်တို့ကို ကွဲအောင် ဘယ်လိုတွေ နှောင့်ယှက်ဦးမလဲ ဆိုတာကတော့ ❤️ဘ၀အဆက်ဆက်ထုံးဖွဲ့မယ့်ချစ်ခြင်း❤️ကား မှာ ဆက်လက်ရှု့စားကြပါစို့ Director က Fuse kittisak စာရေးဆရာက Aek likit Fuse directorကတော့ ဇာတ်လမ်း ၃ ခု ကို တစ်ခုထဲ ဖြစ်အောင် ရိုက်ကူးတင်ဆက်ထားခြင်း ဖြစ်ပါတယ် ၃ ကားမြောက် James Jirayu and taewကားပါ အညွှန်းကို Taewchannel2မှ ရေးပေးထားပါတယ်ရှင့် Taew Nataphon Myanmar Fc နှင့် FIV ပူးပေါင်းတင်ဆက်သည်