-
Movie Name
-
The Sacrifice (2020)
-
Year
-
2020
-
Generes
-
Action, War
-
Code
-
CN0024
-
Type
-
Movie
-
Size
-
1.28 GB
-
Country
-
China
-
Description
-
2020 october 23မှာထွက်လာတဲ့ Action Drama War ဖြစ်ရပ်မှန်စစ်ကားကောင်းပါ
Box officeမှာ $161,047608ဝင်ငွေစံချိန်တင်ရရှိထားလို့ စိတ်ကျေနပ်မှုရစေမှာသေချာပါတယ်
1953Korea Warရဲ့နောက်ဆုံးပိုင်းကာလ အမေရိကန်နဲ့ ကျင်းကန်းချွမ်းမှာ
တိုက်ပွဲဖြစ်နေစဉ် တရုတ်ဘက်က တပ်ကူပေါင်းသောင်းချီကို မနက် 6 နာရီမတိုင်ခင်ပို့ပေးရမှာပါ…
ဲတိုက်ပွဲနယ်မြေကိုရောက်ဖို့ ရေစီးသန်လှတဲ့မြစ်ကြောင့် တံတားကနေကျော်ဖြတ်မှရနိုင်ပါမယ်
အမေရိကန် လေတပ်ကယာဉ်ပျံတွေဟာ တရုတ်ဘက်က
တပ်ကူတွေကျင်းကန်းချွမ်းဆီရောက်မလာနိုင်ဖို့ တံတားကိုအကြိမ်ကြိမ်ဖျက်ဆီးပေမယ့်
ဘယ်လိုတွေအသက်စွန့် ပြီးပို့ဆောင်ပေးမလဲဆိုတာကို ရင်နင့်ဖွယ်တွေ့မြင်ရမှာပါ…..
ဒီဇာတ်ကားမှာတခြားဇာတ်ကားတွေနဲ့မတူညီတဲ့ဖော်ပြမှုတွေရှိနေပါတယ်….
အပိုင်းလေးပိုင်းခွဲပြီးရှုထောင့်အမျိုးမျိုးကို မြင်နိုင်အောင်
ရိုက်ကူးပြသထားလို့ စစ်ပွဲတွေရဲ့ သဘောသဘာဝကိုပိုနားလည်လာမိပါတယ်
၁..တပ်သားတွေအပိုင်း
၂..ရန်သူ့တပ်သားတွေဘက်ကခံစားမှု
၃..အမြှောက်တပ်သားတွေအပိုင်း
၄.နောက်ဆုံးတံတားကိုကျော်ဖြတ်တဲ့အပိုင်း..
အပိုင်းတစ်ပိုင်းစီအလိုက် သူတို့ရဲ့အခြေအနေဖြစ်ပျက်မှုတွေ ခံစားမှုတွေကိုရိုက်ပြတာဖြစ်လို့
တစ်ချို့မြင်ကွင်းတွေကို အကြိမ်ကြိမ်ပြသမှာပါ..
စစ်ပွဲကိုရှုထောင့်အမျိုးမျိုးက ရိုက်ကူးပြလို့ စစ်ပွဲတစ်ပွဲရဲ့ခက်ခဲမှုတွေကို တွေ့မြင်ခံစားမိပါတယ်