Movie Name
Safety (2020)
Year
2020
Generes
Biography, Sport
Code
EN0236
Type
Movie
Size
1.09 GB
Country
Hollywood
Description
ဇာတ်လမ်းအမည်က Safety…Safety ဆိုတာကAmerican Football မှာ တိုက်စစ်ဆင်သမားကို သူတို့ရဲဲ့ဧရိယာထဲမှာ ခံစစ်သမားက ဆွဲလှဲချနိုင်ပြီးခံစစ်အသင်းအတွက်အမှတ်ယူပေးနိုင်သူဖြစ်ရာ တစ်နည်းအားဖြင့်ဆိုသော် အဓိကနေရာမှာကစားရတဲ့ နောက်တန်းခံစစ်သမားဖြစ်ပါတယ်. .ဇာတ်လမ်းထဲမှအဓိကသရုပ်ဆောင်ဖြစ်တဲ့ Ray Ray McElrathbey ဟာ Clemson University မှာတက်ရောက်နေတဲ့ ကျောင်းသားအားကစားသမားတစ်ဦးဖြစ်ပြီး အသင်းမှာသူကSafetyနေရာက ကစားသူဖြစ်ပါတယ်. .ကျောင်းသားအားကစားသမားတစ်ဦးအနေနဲ့ လိုက်နာရမယ့်စည်းကမ်းချက်ကအတော်များပါတယ်.. ငွေကြေးအပါအဝင် တစ်ခြားပြင်ပအကူအညီမျိုးယူမိတာနဲ့ ကစားသမားဘဝမှအပြင် စကောလားရှစ်အခွင့်အရေးပါ ဆုံးရှုံးသွားနိုင်ပါတယ်… ..Ray မှာညီလေးတစ်ယောက်ရှိပြီး သူတို့အမေကမူးယစ်ဆေးကြိုးစားဖြတ်နေတဲ့ အတောအတွင်း ညီလေးကိုလည်း မိဘမဲ့ဂေဟာမရောက်စေချင်တဲ့အတွက် သူခဗျာ ကြိုးစားရပါတယ်.. ဒီလိုအခက်အခဲပေါင်းစုံကို သူကျော်ြဖတ်နိုင်ပါ့မလားဆိုတာကိုတော့… ဒီကားက ဖြစ်ရပ်မှန်ဇာတ်ကားဖြစ်ပြီး တော်တော်လည်းကြည့်လို့ကောင်းပါတယ်..Cast တွေလည်းအားကောင်းလှသလို တခန်းတနားကို ရိုက်ကူးထားတာမို့ ကြည့်သင့်ပါကြောင်း.. ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zwe Zan Aungပဲဖြစ်ပါတယ်