Movie Name
The Bouncer (2018)
Year
2018
Generes
Action
Code
01088
Type
Movie
Size
779 MB
Country
Hollywood
Description
The Bouncer မြန်မာစာတန်းထိုး ကြမ်းကြမ်းရမ်းရမ်း အက်ရှင်ကားမျိုးကိုမှ နှစ်သက်ပါတယ်ဆိုတဲ့ ပရိသတ်တွေအတွက် အက်ရှင်မင်းသားကြီး Jean-Claude Van Damme ရဲ့ The Bouncer ဇာတ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အသက်အရွယ်အကျပိုင်းကို ရောက်နေပြီဖြစ်တဲ့ Lukas ဟာ နိုက်ကလပ်တစ်ခုမှာ လုံခြုံရေးဝန်ထမ်းအဖြစ် အလုပ်လုပ်နေပြီး သူ့ရဲ့ အသက် ၈နှစ်အရွယ် သမီးလေးကို တစ်ကိုယ်ထဲ ပြုစုစောင့်ရှောက်နေရသူ ဖြစ်ပါတယ်။ တစ်နေ့မှာ ကလပ်လာတဲ့ ဧည့်သည်တစ်ယောက်နဲ့ ပြဿနာတက်ရင်း ခြေလွန်လက်လွန်ဖြစ်ပြီး ထောင်နန်းစံခဲ့ရပါတယ်။ သူ့သမီးလေးကိုလည်း သက်ဆိုင်ရာအာဏာပိုင်တွေက လူမှုဝန်ထမ်းဂေဟာတစ်ခုဆီ ပို့ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် ဒတ်ချ်နိုင်ငံသား ဒုစရိုက်ခေါင်းဆောင်တစ်ယောက် ကြိုးကိုင်အုပ်ချုပ်နေတဲ့ ဘယ်လ်ဂျီယမ်အခြေစိုက် ရာဇဝတ်ဂိုဏ်းကို ဖြိုခွဲနှိမ်နင်းဖို့ အင်တာပိုလ်ရဲဌာနက ကမ်းလှမ်းလာတဲ့အခါ….. အမှားတစ်ခုကြောင့် နေ့ချင်းညချင်း ပျက်စီးသွားတဲ့ အဖေတစ်ခု သမီးတစ်ခု ဘဝလေးကို ပြန်လည်ရယူနိုင်ဖို့ Lukas တစ်ယောက် အပြင်းအထန် ကြိုးစားပါတော့တယ်။ The Bouncer ဟာ IMDb rating 6.2/10 ရရှိထားတာကြောင့် perfect မဟုတ်တောင် ကြည့်ပျော်ရှုပျော်ရှိတဲ့ ဇာတ်ကားတစ်ကားလို့ ပြောလို့ရပါတယ်။ အထူးသဖြင့် Jean-Claude Van Damme ပရိသတ်တွေ မဖြစ်မနေ ကြည့်သင့်တယ်လို့လည်း နိုင်ငံတကာ ရုပ်ရှင်ဝေဖန်ရေးသမားအချို့က အကြံပြုထားပါတယ်။