Movie Name
Plerng Prang Tian (2019) (ဖယောင်းတိုင်လေးရဲ့အမုန်းကျိန်စာ)
Year
2019
Generes
Drama, Historical
Code
ST0196
Type
Series
Size
GB
Country
Thai
Description
🎀Plerng Prang Tian(2019)🎀 🕯ဖယောင်းတိုင်လေးရဲ့အမုန်းကျိန်စာ🕯 ⚜မြန်မာစာတန်းထိုး⚜(စဆုံး)✨ HD Link✨ ~အတိတ်ဘဝ~ ကျောက်နွိုင်ထေဝါရစ်အဖြစ် Toey Pongsakorn တီအန်ခမ်း အဖြစ် Nychaa Nuttanicha ကျောက်ဝုန်ဒုန်းအဖြစ် Yoghurt Nattasha လူဝီအဖြစ် Pon Nawasch ~လက်ရှိဘဝ~ အင် အဖြစ် Toey Pongsakorn ကလင်း အဖြစ် Nychaa Nuttanicha ပတီမာ အဖြစ် Yoghurt Nattasha ဘန် အဖြစ် Pon Nawasch ကလင်းဆိုတဲ့အမျိုးသမီးဟာ ထိုင်းနိုင်ငံရဲ့အထင်ကရ သရုပ်ဆောင်မင်းသမီးတစ်ယောက်... ချောမောလှပတဲ့ရုပ်ရည်ရှိသလို သရုပ်ဆောင်ပိုင်းဆိုရင်လည်း ဇာတ်ကောင်စရိုက်အပေါ် အာရုံစိုက်လွန်းတဲ့သူဖြစ်ပါတယ်....ဒီလိုချောမောလှပတဲ့မင်းသမီးဟာ ချစ်မိတော့လည်း အများသူငါသိနေတဲ့ အိမ်ထောင်ရှိ ကျောက်မျက်ရတနာဆိုင်ပိုင်ရှင်တစ်ယောက်... ဒီလူက မိသားစု စီးပွားရေးအခြေအနေအရာ လက်မှတ်မထိုးထားဘဲ ဟန်ဆောင်သဘောမျိုးလက်ထားတယ်လို့ သာဆိုပေမဲ့ ကလင်းအတွက်တော့ မလွယ်ကူပါဘူး..ဟိုလူ့ရှောင်ရ ဒီလူရှောင့်ရနဲ့....မီဒီယာတွေကလည်း အိမ်ထောင်သည်နဲ့ဖောက်ပြန်တယ်ဆိုပြီး စတင်ရေးသားလာကြပါတယ်.... ဒီကြားထဲ အိပ်ပျော်တိုင်း အိပ်မက်ဆိုးတွေမက်တတ်သလို တစ်ခါတစ်ရံ တခြားသူတွေမမြင်တဲ့ ခြောက်ခြားစရာမြင်ကွင်းတွေမြင်လေ့ရှိတတ်ပါတယ်....တစ်နေ့တော့ ရိုက်ကွင်းက စီစဉ်ပေးထားတဲ့ ဆံထိုးလေးကျိုးသွားတော့ ကလင်းဟာ သူမပိုင်ရှေးဟောင်းပစ္စည်းတစ်ခုဖြစ်တဲ့ ဆံထိုးပဲထိုးမယ်ဆိုပြီး ဒါရိုက်တာကိုပြောလိုက်ပါတယ်... အဲ့ဒီနောက်မှာတော့ ဆံထိုး ထိုးပြီး သရုပ်ဆောင်လိုက်တဲ့အချိန်မှာပဲ သူမဟာ ဒီဘဝမှာမဟုတ်ဘဲ ရှေးဘဝ နန်းတွင်းခေတ်ကို ပြန်ရောက်သွားပါတော့တယ်...သူမရောက်သွားတဲ့ နန်းတွင်းက ဘဝမှာတော့ ရန်သူတွေ မနာလိုသူတွေပတ်လည်ဝိုင်းနေတဲ့ ဘဝမို့ ဘယ်လိုတွေရုန်းကန်လှုပ်ရှားမလဲ... ကွဲပြားမှုတွေကြားကနေ သူမ ဘယ်လိုရုန်းထွက်မလဲ..ဒီဘက်ခေတ်ကိုရော ဘယ်လိုပြန်သွားမလဲ... ..ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့...ခံစားကြည့်ကြပါဉီး..ဒီထိုင်းစီးရီးဟာ သာမန်ချစ်ကြိုက်ကွဲငြားပုံစံမဟုတ်ဘဲ ရှေးခေတ် လက်ရှိမျက်မှောက်ခေတ်ကို ဆက်နွယ်ထားပါတယ်...ဇာတ်လမ်းက တော်တော်စိတ်ဝင်စားစရာကောင်းသလို ရိုက်ထားတာတွေကလည်း တော်တော်ကြီးကိုလှပါတယ်.... သရုပ်ဆော်တွေကလည်း မျက်စိပသာဒဖြစ်သလို အဝတ်အစား ဒီဇိုင်းတွေ နောက်ခံတွေ ရှေးခေတ်အပြင်အဆင်တွေကို တော်တော်ဂရုစိုက်ပြင်ဆင်ထားတာတွေ့ရပါတယ်.,....