Movie Name
ရန်ငြိုးဖွဲ့ချစ်ခြင်းရဲ့ကတိသစ္စာ
Year
2018
Generes
Drama, Romance
Code
ST0198
Type
Series
Size
6.71 GB
Country
Thai
Description
" ရန်ငြိုးဖွဲ့ချစ်ခြင်းရဲ့ ကတိသစ္စာ" 💞 မြန်မာစာတန်းထိုး၁&၂၆စဆုံး နာခင် အဖြစ် Dome Pakorn ပန်တာဝမ်း အဖြစ် Janie ဂနုတ် အဖြစ် Natalie ဇာတ်လမ်းအကျဥ်း KTK Corporation ရဲ့ ဥက္ကဌ ဖြစ်သူ နာခင်က ချစ်သူလေး ဂနုတ်နဲ့ ၇နှစ်တာ လက်တွဲပြီးချိန်မှာတော့ လက်ထပ်ခဲ့ပါတယ် မင်္ဂလာညမှာပဲ ဂနုတ်က ခင်ပွန်းဖြစ်သူနာခင့်ကို ပေးမယ့် လက်ဆောင် ကျန်ခဲ့လို့ အိမ်အမြန်ပြန်ယူခဲ့ပါတယ် ထိုအချိန်မှာပဲ တာဝမ်းဆိုတဲ့မိန်းကလေးက ချစ်ရသူက သူမအပေါ်သစ္စာဖောက်ပြီး တခြားမိန်းကလေးဖြစ်သူနဲ့ ကိုယ်ဝန်ရှိခဲ့လို့ စေ့စပ်မှုကို ဖျက်သိမ်းပြီး လေဆိပ်က ထွက်လာခဲ့ပါတယ် တာဝမ်းအနေနဲ့ သူမချစ်သူကို စိတ်ရော ငွေကြေးပါ ထောက်ပံ့သစ္စာရှိခဲ့ပြီး နောက်ဆုံးမှာ သူမကို အသုံးချနေခြင်းသာဖြစ်ကြောင်း သိခဲ့ရချိန်မှာတော့ အသည်းကွဲ ပြီး မိုးရွာထဲ လမ်းလျှောက်ရင်း အိမ်ပြန်လာခဲ့ပါတယ် မိုးရေထဲ ဂနုတ်ကားနဲ့ တိုက်မိပြီးတာဝမ်းက ဆေးရုံတက်လိုက်ရကာ ဂနုတ်ကတော့ သေဆုံးခဲ့ရတယ် နာခင်က သူချစ်ရသူနဲ့ တစ်ညလေးတောင်မပေါင်းဖက်ခဲ့ရတဲ့အပြင် ဇနီးအသက်သေဆုံးခဲ့ရတဲ့အတွက် သေဆုံးမှုရဲ့ နောက်ကွယ်က တရားခံကို လိုက်ရှာခဲ့ပါတယ် တာဝမ်းကြောင့်ဆိုတာ သိရခဲ့ချိန်မှာတော့ နာခင်က တာဝမ်းအပေါ် ဇနီးကို သေဆုံးစေမှုအတွက် နည်းလမ်းပေါင်းစုံနဲ့ လက်စားချေဖို့ ကြိုးစားပါတော့တယ် တာဝမ်းက မထင်မှတ်ပဲ နာခင်နဲ့ အလုပ်စာချုပ် ချုပ်ခဲ့မိပြီး ထောင်ချောက်ထဲ ဝင်လာမိပါတော့တယ် နာခင်တစ်ယောက် သူ့ ဒေါသနဲ့ လက်စားချေချင်စိတ်တွေဆီက လွတ်မြောက်နိုင်မလား ဒါမှမဟုတ် ရန်ငြိုးတရားကပဲ နာခင်နဲ့ တာဝမ်းကို ဖြစ်ရပ်ဆိုးတွေ ကြုံရလာစေမလား ဆိုတာ " ရန်ငြိုးဖွဲ့ချစ်ခြင်းရဲ့ ကတိသစ္စာ" ဇာတ်လမ်းတွဲမှာကြည့်ရှုကြရအောင် မကြည့်ခင်စာလေးဖတ်ပေးပါရှင့်