Movie Name
ကျေးလက်ဖူးစာ
Year
2019
Generes
Drama, Romance
Code
ST0199
Type
Series
Size
13 GB
Country
Thai
Description
ကျေးလက်ဖူးစာ ဒီကားလေးကတော့ 2019 တုန်းကထွက်ရှိခဲ့ပီး ဇာတ်သိမ်းပိုင်း Rating 11.4 နဲ့ တစ်နှစ်တာ Rating အများဆုံးအဖြစ်ရပ်တည်ခဲ့တဲ့ ကားလေးပဲ ဖြစ်ပါ တယ်ခင်ဗျာ 😱🙈 အင်မတန်ရိုပီး အင်မတန်ရယ် ရတဲ့ အချစ်ဟာသ ဇာတ်ကားကောင်းလေးဖြစ်တာမို့ ပရိတ်သတ်တို့ လုံးဝ အကြိုက်တွေ့စေမယ် ဆိုတာ မင်မင်တို့က သိနေလို့ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် 💗 Main Cats _ သော့စ်စပွန် အဖြစ် Weir Sukollawat ချာလိုတွန် အဖြစ် Stephany Auernig ဇာတ်လမ်းအကျဥ်းလေးကတော့ .... ချာလိုတွန် (သို့) ချီလို လို့အမည်ရတဲ့ ဥစ္စာပေါ ရုပ်ချော အလွန်စွာတဲ့ မမလေး ကတော့ မိဘတွေ ဆုံးသွားပြီးတဲ့နောက်ပိုင်း ဦးလေး , အဒေါ် စတဲ့ သူတွေဆီမှာ အလိုလိုက်ခြင်းခံထားရတာပါ .... သူမ မိဘတွေထားခဲ့တဲ့ ကုမ္ပဏီကြီးကို စီမံခန့်ခွဲ ရမယ့်သူပေါ့ .... ချီလို မှာ ချစ်ရတဲ့ သွားဆရာဝန်အစ်ကိုကြီး “ဘီ” ဆိုတဲ့သူရှိပါတယ် .... ချီလို အသက်၂၅ နှစ်ပြည့်တော့ သူမတို့ နှစ်ယောက် လက်ထပ်ဖို့စီစဥ်ကြတာပေါ့ .... အဲ့ အစီစဉ်က အထမမြောက်ပဲ ချီလို ရဲ့ အစ်မတစ်ဝမ်းကွဲဖြစ်သူ မို ရဲ့ဖျက်ခုတ်ခြင်း ကို ခံလိုက်ရပါတယ် ..... ဒါ့အပြင် ချီလိုတစ်ယောက် ဦးလေး နဲ့ အဒေါ် ဖြစ်သူတို့ရဲ့ သစ္စာဖောက်ခြင်းကိုလည်း ခံလိုက်ရပါတော့တယ် .... ချစ်သူဖြစ်တဲ့ အစ်ကိုဘီ ရဲ့ ထားခဲ့ခြင်းကိုလည်း ခံလိုက်ရပြီး ချီလို တစ်ယောက် သော့စ်စပွန်တို့ နေထိုင်ရာ နယ်ဘက်ကို ထွက်သွားရဖို့ အကြောင်း ဖန်လာပါတော့တယ် .... သော့စ်စပွန် ဟာဆိုရင်တော့ဖြင့် ပျော်ပျော်နေတတ် ပီး အင်မတန် အစအနောက်သန်တဲ့ ရဲဗိုလ်ကြီး တစ်ယောက်ပဲဖြစ်ပါတယ် .... သော့စ်စပွန် နဲ့ ချီလို တို့ကငယ်ငယ်လေးကတည်းက တွေ့ဆုံဖူးကြပီး ထိုစဉ်ကတည်းက တွေ့လိုက်တိုင်း ကြောက် နဲ့ ကြွက် လို အမြဲရန်ဖြစ်နေတဲ့ ကမ္ဘာ့ရန်သူ တွေပေါ့ဗျာ ..... ချီလို တစ်ယောက် သော့စ်စပွန်ရဲ့နယ်လေးကို ရောက်လာပြီးနောက်ပိုင်း အကြောင်းတခုခုကြောင့် သူမတို့နှစ်ယောက်ဟန်ဆောင်လက်ထပ်လိုက်ရပါ တော့တယ် .... အမြဲလိုလိုရန်ဖြစ်နေကြတဲ့‌နှစ်ယောက် ဟန်ဆောင် လက်ထပ်ပီးနောက်ပိုင်း တစ်ယောက်ကိုတစ်ယောက် ချစ်မိသွားကြတဲ့နောက်မှာတော့ ဘယ်လိုတွေဆက်ရို ကြမလဲ .... ? ချီလိုကရော သော့စ်စပွန်တို့နယ်လေးမှာ ကြာကြာနေနိုင်မှာလား ဒါမှမဟုတ် ကိစ္စတွေပီးစီး သွားတဲ့နောက်မှာ သူမ မြို့ပေါ် ပြန်သွားမှာလား ... ? သစ္စာဖောက်သွားတဲ့ ဦးလေး , အဒေါ် , ချစ်သူတို့ နဲ့ရော ဘာတွေဆက်ဖြစ်ကြမလဲ .... ? ဆိုတာကို ပေါ့ပေါ့ပါးပါး ရယ်မောပီး စောင်ကိုက် ကြည့်ရှုရမှာပဲဖြစ်ပါတယ် 😝🙈 ဒီကားမှာဆိုရင်တော့ မင်းသားက နယ်သားလေး တစ်ယောက်ဖြစ်တာမို့ ထိုင်းနိုင်ငံရဲ့ ကျေးလက် သဘာဝတွေကို ခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ် 🌄