Movie Name
တော်ဝင်မီး
Year
2017
Generes
Drama, Historical
Code
ST0200
Type
Series
Size
22.6 GB
Country
Thai
Description
"တော်ဝင်မီး🔥" မြန်မာစာတန်းထိုး အပိုင်း ၁ - ၂၆ စဆုံး "တော်ဝင်မီး" ဇာတ်လမ်းတွဲက ၂၀၁၇ ခုနှစ်ကထုတ်လွှင့်ပြသခဲ့ပြီး rating 9.037 နဲ့ အပိုင်းအားလုံးအတွက် nationwide rating 6.626 ရရှိခဲ့တဲ့ကားဖြစ်ပါတယ် ၂၀၁၇ ခုနှစ်မှာဆို တော်ဝင်မီးက ထိုင်းတွေရဲ့ရှာဖွေမှု အများဆုံး နံပတ်လေး နေရာမှာ ချိတ်ခဲ့ပြီး ဇာတ်လမ်းတွဲအနေနဲ့ဆို နံပတ် ၂ ချိတ်ခဲ့ပါတယ် ဆုတွေအနေနဲ့ ၈ဆုရခဲ့ပြီး စကာတင်ဝင်တာနဲ့ပေါင်းရင် ၁၂ဆု ရှိခဲ့ပါတယ် 1996 version ကို ပြန်လည် ရိုက်ကူးခဲ့တာဖြစ်ပြီး အရင် verကိုတော့ လွန်ခဲ့တဲ့ ၅-၆နှစ်က MWD မှာ "တစ်ခါက နှစ်ဘဝ"အမည်နဲ့ ပြသခဲ့ပါတယ် ဒီတော့ ဒီလိုနာမည်ကြီးခဲ့တဲ့ ဇာတ်လမ်းတွဲကို ပရိသတ်များကြည့်ရှုနိုင်ဖို့ အက်မင်တို့က တင်ဆက်ပေးလိုက်ပါတယ် Casts မင်းသမီး အနန်ထိ အဖြစ် Aum Patcharapa မင်းသမီး/ မိဖုရားလောင်း စေဂရဒေဝီ အဖြစ် Chiranan Manochaem မင်းခွန်းမင်း အဖြစ် Kelly Tanapat မင်းသမီးသောနွယ် အဖြစ် Chawallakorn Wanthanapisitkul အရှင်စန်ဖောင်းငန်း အဖြစ် Chamaiporm Jaturaput မင်းသား မန်ဖအဖြစ် Tonont Wongboon မင်းသမီး ပင်နမ်နီးအဖြစ် Tussaneeya Karnsomnuch ဇာတ်လမ်းအကျဉ်း "ထိ" တိုင်းပြည်ကြီးရဲ့ မာနကြီးပြီး ရာဇမာန်အပြည့်ရှိတဲ့ တော်ဝင်သွေး "အနန်ထိ" မင်းသမီးတစ်ယောက် ခမည်းတော်ဖြစ်သူ "ပိသုလာ" နန်းချခံရလိုက်ရတဲ့အခါ.... တချိန်က အနန်ထိ ခြေဖဝါးအောက် ပြားပြားမှောက်ခဲ့ရတဲ့သူတစ်ချို့က ခေါင်းပေါ်တက်နင်းဖို့ကြိုးစားတာပါ ခံလိုက်ရတဲ့အခါ.... ရာဇမာန်ပြင်းတဲ့ အနန်ထိ တစ်ယောက် ချစ်ရသူ မင်းသား မင်းခွန်းကို နန်းတင်ပြီး ထီးနန်းဆက်ကို ပြန်ပြောင်းပစ်ဖို့ ကြိုးစားခဲ့ပါတယ် နန်းဆက်ပြောင်းနိုင်ပေမယ့် ထုံးတမ်းအရ ချစ်သူမင်းခွန်းနဲ့ တူယှဉ်တွဲ နန်းတက်ရမယ့် မိဖုရားကြီးက ထိဖြစ်မနေပဲ စေဂရဒေဝီဖြစ်လာရတဲ့အခါ.... စေဂရဒေဝီ ,အနန်ထိ နဲ့ မင်းခွန်းမင်း ရဲ့မိဖုရားငယ်တွေ မွေးဖွားလာခဲ့တဲ့ သားတော်သမီးတော်တွေကြား ပြိုင်ဆိုင်မှုတွေ ကြီးထွားလာခဲ့တဲ့နောက်.. အားလုံးကို အနိုင်ယူချင်ခဲ့တဲ့ ရာဇအာဏာပြင်းတဲ့ အနန်ထိတစ်ယောက်ရဲ့ ရန်ငြိုးမီးတွေက ဘာတွေကို တောက်လောင်သွားစေမလဲဆိုတာ " တော်ဝင်မီး" ဇာတ်လမ်းတွဲမှာ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ