Movie Name
Gatham (2020)
Year
2020
Generes
Thriller
Code
EN0241
Type
Movie
Size
810 MB
Country
Hollywood
Description
Gatham ( 2020 ) IMDb 6.1 အိန္ဒိယရုပ်ရှင်ကြိုက်သူတွေအတွက် ဇာတ်ကွက်အလှည့်အပြောင်းကောင်းကောင်းနဲ့ Thriller ဆန်ဆန်ရုပ်ရှင်တစ်ကားညွှန်းပေးချင်ပါတယ် ဇာတ်လမ်းက ရစ်ရှီဆိုတဲ့မင်းသား အတိတ်မေ့နေရာကနေ ပြန်သတိရလာတာက စပါတယ် သူ နိူးလာတဲ့အချိန် သူ့ဘေးနားမှာဆရာဝန်တစ်ယောက်နဲ့သူ့ချစ်သူအာဒီသီ တို့သာရှိပါတယ် သူကလည်း မိဘတွေကအစ ဘာမှမမှတ်မိတော့တာဆိုတော့ သူ့မိဘတွေအကြောင်းအာဒီသီကို မေးကြည့်လိုက်တယ် အာဒီသီက နင့်အမေကတော့ ဆုံးသွားပြီ အဖေတော့ ရှိသေးတယ်ဆိုတာနဲ့ သူ့အဖေကိုတွေ့ချင်တယ်ဆိုပြီး အာဒီသီကို လိုက်ပို့ခိုင်းပါတယ် သူတို့သွားနေရင်း သူ့အဖေအိမ်ရောက်ဖို့ မိုင် ၃၀၀လောက်မောင်းရဦးမယ့်နေရာမှာ ကားပျက်သွားပါတယ် အဲ့ဒီအချိန် အာဂျွန်ဆိုတဲ့ အသက်ခပ်ကြီးကြီး လူတစ်ယောက်ရောက်လာပြီး အချိန်ကလည်း မရှိတော့ဘူး သွားရမှာလည်း ဝေးသေးတယ်ဆိုတော့ သူ့အိမ်မှာလိုက်တည်းဖို့ ခေါ်ရာကနေ စိတ်လှုပ်ရှားစရာတွေ စပါတော့တယ် အာဂျွန်က အစပိုင်းမှာ အိမ်ရှင်ကောင်းပီသသလိုနဲ့ သူ့သားရောက်လာတဲ့အချိန်မှာတော့ တစ်မျိုးဖြစ်သွားပါတယ် သူ့သားဖြစ်သူက ရစ်ရှီရဲ့ ချစ်သူအာဒီသီကို မုဒိန်းကျင့်ဖို့ကြိုးစားသလို သူကလည်း အိမ်ထဲကပြန်ထွက်ခွင့်မပေးတော့ဘဲ နှိပ်စက်ပါတော့တယ် အဲ့ဒီအချိန်မှာပဲ ဇာတ်လမ်းက မထင်မှတ်ထားတဲ့အခြေအနေကို ပြောင်းလဲသွားတာပါ အာဂျွန်တို့သားအဖက ရစ်ရှီကို ဘာကြောင့်ဒီလိုလုပ်ရတာလဲ????? ရစ်ရှီမမှတ်မိတော့တဲ့ သူ့ရဲ့အတိတ်မှာ ဒီလူတွေနဲ့ ဘယ်လိုအရှုပ်အရှင်းတွေများရှိခဲ့လို့လဲ????? ဒါမှမဟုတ် စိတ္တဇလူသတ်သမားတွေပဲလားဆိုတာကို ရုပ်ရှင်ထဲမှာ ဆက်လက်ရှုစားပေးကြပါ