Movie Name
Love And Monsters (2020)
Year
2020
Generes
Action, Adventure, Comedy
Code
EN0245
Type
Movie
Size
1.32 GB
Country
Hollywood
Description
IMDb Rating (7/10) / Rotten Tomatoes (92%) ဒီလန် အိုဘရိုင်ယန်ပါတယ်၊ ဂျက်ဆီကာ ဟန်းဝစ်ပါတယ်၊ ခွေးလိမ္မာလေး တစ်ကောင်ပါတယ်။ အကောင်ကြီးတွေပါတယ် ဒီလောက်ဆို ကြည့်ချင်ကြမယ်ထင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ။ ကမ္ဘာကြီးကို ဝင်တိုက်မယ့် ဥက္ကာခဲကြီးတစ်ခု ပျံလာတယ်။ လူတွေက သူတို့ အတော်ဆုံး အလုပ်ကို လုပ်လိုက်ကြတယ်။ ဥက္ကာခဲကြီးကို ဒုံးကျည်ပေါင်းစုံနဲ့ ပစ်တာပေါ့။ ဥက္ကာခဲကြီးကတော့ ကွဲသွားပါတယ်။ ဒုံးကျည်ထဲမှာပါတဲ့ ဓာတုပစ္စည်းတွေက ကမ္ဘာပေါ်ကို ကျလာပါလေရော။ % buffered 00:00 -00:08 Download Your browser does not support the video tag. လူတွေက ကံကောင်းကြပါတယ် ဓာတုအဆိပ်မသင့်ကြဘူး။ အင်းဆက်ပိုးတွေ၊ ဖားတွေ၊ ပုတ်သင်တွေကတော့ ကံမကောင်းကြရှာဘူး သန္ဓေပြောင်းပြီး ဧရာမကြီးတွေ ဖြစ်သွားတယ်။ လူတွေကို ပြန်စားကုန်ကြတယ်။ အဲဒီဧရာမအကောင်ကြီးတွေနဲ့ တိုက်ပွဲမှာလူသား ၉၅% လောက် သေသွားလေရဲ့။ နောက်ဆုံးကျန်တဲ့ သူတွေက အဖွဲ့လိုက်လေး မြေအောက်မှာ ကိုယ်စီပုန်းနေရင်း ကျူးကျော်လာတဲ့ အကောင်တွေနဲ့ တိုက်နေရတယ်။ အဲဒီထဲမှာ မင်းသားက အကောင်ကြီးတွေဆို ကြက်သေသေလောက်အောင် အသေကြောက်တဲ့ကောင်၊ ဘာလက်နက်မှလည်း မပစ်တတ်ဘူး။ သူတို့စခန်းမှာလည်းအကုန်လုံးက အတွဲတွေချည်းပဲ။ ဒီတစ်ကောင်ပဲ FA ကောင်ဖြစ်နေတာ။ ဒါပေမယ့် ဒီကောင့်မှာ အားကြီးတာ တစ်ခု ရှိတယ်။ ဖွန်ကြောင်တဲ့အားပါ။ သူနဲ့ လွန်ခဲ့တဲ့ ၇ နှစ်လောက်က လူချင်းကွဲသွားတဲ့ ဆော်က အခြား စခန်းတစ်ခုမှာ အသက်ရှင်သေးတာကို သိတဲ့အခါ မြေမျက်နှာပြင်ပေါ်က ၈၅မိုင်ဝေးတဲ့ အဲဒီခရီးကို အသက်စွန့်ပီး ဖွန်သွားကြောင်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ အထူးပြုလုပ်ချက်တွေကောင်းတယ်၊ ဇာတ်လမ်းကောင်းတယ်၊ အက်မင်တော့ ကြိုက်ပါတယ်။ အကြိုက်တူသူတွေ ကြည့်ကြပါ။