-
Movie Name
-
Your Name Engraved Herein (2020)
-
Year
-
2020
-
Generes
-
Romance
-
Code
-
CN0040
-
Type
-
Movie
-
Size
-
441 MB
-
Country
-
China
-
Description
-
BLကားလေးတွေ ကြိုက်နှစ်သက်သူတွေအတွက် ( Dec 23 ) မနေ့ကမှ ထွက်ထားတဲ့ အရမ်းရိုဆန်တဲ့ ကားလေး လာပါပြီနော်
ဒီကားလေးကတော့ ၁၉၈၇ခုနှစ် ထိုင်ဝမ်မှာ စစ်အုပ်ချုပ်ရေး ရုတ်သိမ်းလိုက်ခါစ ခေါတ်မှာ ဇာတ်အိမ်တည်ပြီး ရိုက်ကူးပုံဖော်ထားတာပါ။
ဒီဇာတ်ကား ဇာတ်အိမ်တည်တဲ့ ၁၉၈၇ခုနှစ်မှာဆိုရင် လက်ရှိကာလလို ပွင့်ပွင့်လင်းလင်း ရှိတဲ့အချိန်အခါမဟုတ်တာကြောင့် လိင်တူကြိုက်နှစ်သက်တာကို ပြင်းပြင်းထန်ထန်ကို ကန့်ကွက်ခဲ့ကြပါတယ် ။
% buffered
00:00
-00:04
Download
Your browser does not support the video tag.
အဲဒီတုန်းက လိင်တူကြိုက်တဲ့လူကို အထင်သေးစက်ဆုပ်စရာလို့ မြင်ခဲ့ကြပြီး သူတို့ဟာ အဖိနှိပ်ခံ အနိုင်ကျင့်ခံတွေ ဖြစ်ခဲ့ကြတာပါ ။
ဇာတ်ကြောင်းလေးကတော့….
စည်းကမ်းကြီးလှတဲ့ ယောကျာ်းလေး ခရစ်ယာန်ကျောင်းမှာ ဘတ်ဒီလို့ အများကခေါ်ကြတဲ့ကောင်လေးဟာ မကြာခဏဆိုသလို ကျောင်းစည်းကမ်း ဖောက်ဖျက်လေ့ရှိပါတယ်
အဲ့ဒီလူဆိုးလေး ဘတ်ဒီ ကို ချန်ကျားဟန်ဆိုတဲ့ကောင်လေးက ဂရုစိုက်ပေးရင်း သူတို့နှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက် သူငယ်ချင်းသံယောဇဉ်ထက်ပိုပြီးချစ်မိသွားကြတယ်
အချစ်စစ်ဆိုတာ ဖြောင်းဖြူးရိုးထုံးစံမရှိဆိုသလိုမျိုးပဲ
လိင်တူချစ်သူတွေကို လက်မခံနိုင်တဲ့ ပတ်ဝန်းကျင်နဲ့ မိဘအသိုင်းအဝိုင်းရဲ့ ကန့်ကွက်မှုကို ရင်ဆိုင်လာရတဲ့အခါ
သူတို့နှစ်ယောက်ရဲ့ အချစ်က ဒီလိုအခက်အခဲတွေကို သတ္တိရှိရှိနဲ့ ရင်ဆိုင်ကျော်လွှားနိုင်မလား ဆိုတာကို ဒီကားလေးကနေ ဆက်လက်ကြည့်လိုက်ကြရအောင်နော်…။
( အညွှန်းရေးသားပြီး ဘာသာပြန်ထားသူကတော့ Yamin Ei ဖြစ်ပါတယ် )