Movie Name
Lonely Enough To Love
Year
2020
Generes
Drama, Romance
Code
SKR0411
Type
Series
Size
638 MB
Country
Korea
Description
ဇာတ်လမ်းအညွှန်း =========== အချစ်က စိတ်ရူပ်ဖို့ကောင်းပေမဲ့ ငါကတော့ အထီးမကျန်ချင်ပါဘူး တဲ့ ။ ခေါင်းစဉ်ကတော့ ခပ်ဆန်းဆန်းလေးဖြစ်တာနဲ့ တင် ကြည့်ချင်နေပါပြီ။အသက် ၂၀-၃၀ကြားက လူငယ်တွေရဲ့ အဖြစ်အများဆုံး အချစ်ရေးတွေ အကြောင်းကို ပြသသွားမဲ့ ကားပါ။ဇာတ်လမ်းကCha Kang Woo(Ji Hun Woo)က စိတ်ပညာအထူးကု ဆရာဝန်တစ်ယောက်ပါ။လူတွေရဲ့ စိတ်ဒဏ်ရာတွေနဲ့ပက်သက်ပြီး သိချင်စိတ်ပြင်းပြသလို ကူညီပေးချင်စိတ် အပြည့်ရှိသူပါ။ဒါပေမဲ့ အတိတ်မှာ မိန်ကလေးတစ်ယောက်ကြောင့် အကြီးအကျယ် အသည်းကွဲဖူးသူမလို့ အချစ် ဆို နိုး ပါ ဆိုတဲ့ သူမျိုးပါ။ မိန်းကလေးတွေနဲ့ ပက်သက်ရင် ပတ်ပြေးနေတဲ့ တစ်ကိုယ်တည်း လူပျိုကြီးပေါ့။ Lee Na Eun(Kim So Eun) က Freelance Editor တစ်ယောက် သူ့ရဲ့ ရည်မှန်းချက်က ဝတ္ထုရှည်ရေးတဲ့ စာရေးဆရာမ ဖြစ်ချင်တာပါ။စာတွေပဲ အရေးကောင်းတဲ့ Na Eunတစ်ယောက် ၄နှစ်အတွင်း ရည်းစားမထားဘဲ အလုပ်ပဲ ကြိုးစားခဲ့သူပေါ့။ တစ်နေ့ အယ်ဒီတာ Na Eunနဲ့ ဆရာဝန် Kang Woo အိမ်အတူ စပ်နေကျဖို့ အကြောင်းဖန်လာတော့တယ်။အချစ်ကို ပတ်ပြေးနေတဲ့သူ နဲ့ စာရေးဆရာမ တို့ တစ်အိမ်တည်းမှာ တူတူနေရင်း ဘာတွေဆက်ဖြစ်မလဲ။ငယ်သူတို့ အချစ်မလို့ စိတ်ဆိုးရင်း စိတ်ကောက်ရင်း ချစ်သူတွေဖြစ်လာမလား။ အလုပ်ကိုပဲ ချစ်ကြတဲ့သူနှစ်ယောက် စာရေးဖို့အတွက် စာရေးဆရာမတစ်ယောက် စာရေးဖို့ ကုန်ကြမ်းရှာလေမလား။သူများစိတ်ဒဏ်ရာကို ကုသပေးတဲ့ သူကကော ကိုယ့်ရဲ့ စိတ်ဒဏ်ရာကို စာရေးဆရာမနဲ့မှ ပြန်သက်သာသွားမလားဆိုတာကိုတော့အချစ်ကို ကြောက်လွန်းလို့ ပတ်ပြေးနေတဲ့ သူနဲ့ ရည်းစားထားဖို့ စိတ်ကူးမရှိတဲ့ သူတို့နှစ်ယောက် တစ်အိမ်တည်းမှာ တူတူနေရင်အလွဲလွဲအချော်ချော်နဲ့ Falling in Loveဖြစ်လာမဲ့ ဒီကားကို MBC ကနေ 11 August မှာ အင်္ဂါနေ့တိုင်းမှာ ထုတ်လွှင့်ပြသွားမှာပါ။အပိုင်း ၁၀ ပိုင်းထိရှိမဲ့ Romance ဆန်တဲ့ ကားလေးပါ။