Movie Name
American Dream (2021)
Year
2021
Generes
Crime, Drama, Thriller
Code
EN0254
Type
Movie
Size
724 MB
Country
Hollywood
Description
2021 မှ ပူပူနွေးနွေးထွက်ရှိထားတဲ့ Crime, Thriller ဇာတ်ကားလေးပါ။ Terminators 3 တို့ Sin city တို့လို ဇာတ်ကားကောင်းတွေထဲမှာ ပါဝင်ခဲ့ဖူးတဲ့ ရရှားသရုပ်ဆောင် Nick Stahl ပြန်ပွဲဦးထွက်လာတဲ့ဇာတ်ကားဆိုလည်းမမှားပါဘူး။ နစ်ကီနဲ့ စကော့တို့သူငယ်ချင်းနှစ်ယောက်က အမေရိကားကိုပြောင်းလာကြတဲ့ ရရှားနွယ်ဝင် Immigrants တွေပေါ့။ သူတို့ရဲ့အိပ်မက်က လော့အိန်ဂျလိစ်မှာ တိုက်တန်းလျားတစ်ခုဆောက်ပြီး ငှားစားဖို့ပါပဲ အဲဒီအိပ်မက်ကိုလည်း အကောင်အထည်ဖော်နေကြတာပေါ့။ ဒါပေမဲ့ ကံဆိုးစွာပဲ သူတို့ဆောက်လက်စတိုက်အတွက် ရန်ပုံငွေပြတ်ပြီး အပြီးမသတ်နိုင်ဖြစ်နေပါတယ်။ ဘဏ်တွေဆီကလိုက်ချေးငွေထုတ်ခဲ့ပေမယ့် အပေါင်ပစ္စည်းမပေးနိုင်တာမို့လို့ ဘယ်ဘဏ်မှ ထုတ်မချေးကြပါဘူး။ ဒီလိုနဲ့ စကော့နဲ့ မင်္ဂလာပွဲတစ်ခုမှာ ခင်မင်ခဲ့တဲ့ ရရှားလူမျိုးယူရီဆိုတဲ့သူက သူတို့ကိုကူညီပေးနိုင်မယ့်သူရှိတယ်လို့ ကမ်းလှမ်းလာပါတယ်။ အဲဒီသူဆီက ချေးငွေထုတ်ပြီးကာမှ ဘဏ်တစ်ခုက တရားဝင်ထုတ်ချေးလာတာကြောင့် ပြန်ပေးခဲ့ပေမယ့် ယူရီက လက်မခံပဲ ငွေညှစ်ရာမှ တဖြေးဖြေးနဲ့ အသက်ကိုပါ ရန်ရှာလာတဲ့အခါမှာတော့ သူတို့ဘယ်လိုကြံကြဖန်ကြမလဲဆိုတာ စိတဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားက မင်းသား ၃ ဦးစလုံးကတော့ – Michiel Huisman – (Game of Throne, Harley and Davidsons, The Age of adaline) Luke Bracey – (Point Break, G.I.Joe, The best of Me) Nick Stahl – (Sin City, Terminator 3) စတဲ့ဇာတ်ကားတွေမှာပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားတွေပါပဲ။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Myat Thu ပဲဖြစ်ပါတယ်။)