Movie Name
Sabpaak Jai Naai Jomying (ကိုရေခဲတုံးရဲ့ဖူးစာ)(Love You My Arrogance) (2020)
Year
2020
Generes
Comedy, Romance
Code
ST0205
Type
Series
Size
1.32 GB
Country
Thai
Description
ဆန် ဆိုတာက အောင်မြင်ကျော်ကြားတဲ့ Youtuber တစ်ယောက်ပေါ့နော်။ ဒါပေမယ့် ထူးခြားတာကတော့ တခြားသူတွေရဲ့ စိတ် နဲ့ အတွေးတွေကို ကြားနိုင်တဲ့ စွမ်းအင်ရှိပါတယ်။ သို့သော်လည်း အဲ့ဒီစွမ်းအင်က ဆန့်အတွက် တော်တော်လေး စိတ်ရှုပ်စရာ ကောင်းလှပါတယ်။ ဒါကြောင့်မို့ ဆန်ဟာ အမြဲတမ်း နားကြပ်တပ်ထားပါတော့တယ် လူတွေနဲ့လည်း ရှုပ်ရှုပ်ရှက်ရှက် လိုက်မပတ်သက်တော့ပါဘူး။ အဲ့လို အပြုအမူတွေကြောင့်ပဲ ပရိတ်သတ်တွေက သဘောမကျစပြုလာပြီး ချေတယ် အေးစက်စက်နိုင်တယ်လို့ ထင်သွားပါတော့တယ်။ အလားတူပါပဲ အဲ့ဒီထင်မြင်ချက်တွေကြောင့် အောင်မြင်တဲ့ youtuber ကြီးဖြစ်တဲ့ ဆန်ရဲ့ ဘလော့တွေက ကြည့်ရှုနှူန်းတွေ တစ်စထက် တစ်စ ထိုးကျလာပါတော့တယ်။ အဲ့ဒါကို ဆန် သိရှိသွားတော့ မဖြစ်သေးဘူးဆိုပြီး လူထုနဲ့ အဆက်အသွယ်ပြတ်နေတဲ့ ဆန်တစ်ယောက် လူထုနဲ့ ပြန်အနေနီးဖို့ တစ်ခုခု လုပ်ဖို့ စီစဉ်ခဲ့ပါတော့တယ်။ အဲ့နောက်မှာတော့ ရုတ်တရက် ဆန် တစ်ယောက် အခုမှ နာမည်ရစပြုလာတဲ့ ငယ်ငယ်ရွယ်ရွယ် စာရေးဆရာမလေး တစ်ဦးဖြစ်တဲ့ အန်နာနဲ့ တွေ့ဆုံခဲ့ပါတော့တယ်။ ထပ်ပြီး တိုက်ဆိုင်တာကတော့ အန်နာရဲ့ မန်နေဂျာကပါ ဆန်ရဲ့ ပရိတ်သတ်ဖြစ်နေပါတယ်။ အစတုန်းကတော့ အန်နာ နဲ့ ဆန်နဲ့ အချင်းချင်း မတည့် ကြပါဘူးပေါ့နော်။ နောက်တော့ ဆန့်မှာ လျို့ဝှက်ချက်တစ်ချို့ ရှိတာကို အန်နာ သိလိုက်ရပါတော့တယ်။ ဒါကြောင့် အန်နာလည်း စုံစမ်းရင်း အရာအားလုံးကို သိသွားပါတော့တယ်။ နောက်ပြီးတော့ ဆန့်မှာ ရှိနေတဲ့ စွမ်းအားမျိုးရအောင် အန်နာက သင်ပေးခိုင်းပါတော့တယ်။ ပြီးတဲ့နောက်မှာတော့ အန်နာ နဲ့ ဆန်တို့ အချင်းချင်းမှာ ခံစားချက်တွေ ရှိလာတဲ့အခါမှာ.... ဘာတွေဆက်ဖြစ်မလဲဆိုတာ ရိုမန့်တစ်ဆန်လွန်းလှတဲ့ အခုဇာတ်လမ်းတွဲကို စောင့်မျှော်ကြည့်ရှုပေးပါဦးနော်