Movie Name
Serious Men (2020)
Year
2020
Generes
Comedy, Drama
Code
IND0027
Type
Movie
Size
910 MB
Country
Bollywood
Description
Serious Men(2020) IMDb…7.4 သဘာဝမင်းသားကြီးလို့ နာမည်ကြီးတဲ့ Nawazuddin မြင်ရုံနဲ့ ဒေါင်းကြမယ်ဆိုတာသိပါတယ်..သို့ပေမယ့် အညွှန်းလေးနည်းနည်းတော့ပြောပါ့မယ်… အာယမ်မာနီဟာ သိပ္ပံစမ်းသပ်ခန်းတစ်ခုမှာ ပညာရှင်တစ်ယောက်ရဲ့ လက်ထောက်ပါ …. သူဟာ ဇာတ်နိမ့်မျိုးရိုးက ဆင်းသက်လာသူ ဖြစ်တဲ့အတွက် နေရာတကာမှာ သူများထက် အခွင့်အရေးတွေ ဆုံးရှုံးရပါတယ်… သူ့သားလေးကို အင်္ဂလိပ်ကျောင်းထားဖို့ ဝင်ခွင့်လျှောက်တဲ့အခါ ငြင်းခံရတဲ့အတွက် ခံပြင်းခဲ့ရပါတယ်… ကျောင်းအပ်စဉ်က အရောင် တိရစ္ဆာန်အမည် ရက်သတ္တပတ် ဘာတစ်ခုမှ မပြောနိုင်ခဲ့တဲ့အတွက် ကျောင်းဝင်ခွင့်အငြင်းခံခဲ့ရတာပါ.. ဒီကလေးဟာ သိပ္ပံအကြောင်းအရာတွေမှာတော့ ပါရမီပါခဲ့ပုံပဲ…အဲ့ဒီနောက်မှာတော့ ကလေးအတွက် ဘဝတစ်ဆစ်ချိုးဖြစ်လာသလို ဖခင်ဖြစ်သူ အာယမ်မာနီအတွက်လည်း အလှည့်အပြောင်းတွေဖြစ်လာပါတော့တယ်….. အိန္ဒိယကားကောင်းကြိုက်သူတို့လက်မလွှတ်သင့်ပါဘူး…ခံစားကြည့်ကြပါဉီး…