Movie Name
Mai Mai Miracle (2009)
Year
2009
Generes
Animation, Drama
Code
AN0333
Type
Movie
Size
132 MB
Country
Japan
Description
Mai Mai Miracle (2009) အားနည်းချက်ကို ထွေးပွေ့နိုင်တဲ့အခါ ‌ဗွေလေးတစ်လုံးကတောင် ထောင်စုနှစ်တစ်ခုဆီ အချိန်ခရီးသွားနိုင်တဲ့ မှော်ဝင်ပစ္စည်းတစ်ခု ဖြစ်လာတယ် အဘိုးဆိုတာ ကလေးလေးတစ်ယောက်အတွက် ကမ္ဘာ့အကောင်းဆုံး ပုံပြောဆရာကြီးပဲ အချိန်တွေကြာသွားလည်း ချောင်းကလေးတစ်ခုက ထောင့်မှန်ကျကျ စီးဆင်းရင်း သဘာဝတရားရဲ့ လက်အောက်ခံ မြို့ဟောင်းတစ်ခုကို စောင့်ရှောက်နေဆဲ အထီးကျန်သူလူသားတိုင်းအတွက် လောကကြီးက ပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင်တွေထဲက တစ်ခုက သူငယ်ချင်းတဲ့ ဘဝကို အတူယစ်မူးစရာ လူသားတစ်ယောက် ကိုယ့်ဘေးမှာ ရှိလာတဲ့ အခါ ဘယ်နေရာမှ တကယ်တမ်း မခြောက်သွေ့ဘူးဆိုတာ သိလာ အပျော်သဘောနဲ့ ဆောက်ထားတဲ့ ရေကတုတ်လေးကို အိမ်လုပ်မယ့် ဧည့်သည်ရောက်လာတော့ 'ကံကြမ္မာ'က အိမ်ရှင်ပေါ့ ရေမွှေးဆိုတာ ရေကို အဆိပ်သင့်စေမယ်လို့ ဘယ်သူသိမလဲ ရွှေငါးလေးတွေရဲ့ သက်တမ်းကို မသိခင် သူတို့တွေလည်း သေတတ်တယ်ဆိုတာ အရင် သင်ယူလိုက်ကြရတယ် အစိမ်းရောင်အတိပြီးတဲ့ လေထုထဲမှာတောင် ဂနာမငြိမ်စေတဲ့၊ ပျော်စေတဲ့ အငွေ့အသက်တွေ ရလာစေတာ ရင့်ကျက်မှုလား သေဆုံးခြင်းက မနက်ဖြန် အတူ ရယ်မောကြမယ်ဆိုတဲ့ ကတိကို မတည်နိုင်စေတော့ဘူး တကယ်တမ်းတော့ ခွင့်လွှတ်ခြင်းဟာ သတိနဲ့ ကိုင်တွယ်ရမယ့် ဓားတစ်လက်ပါ အမှားကျူးလွန်သူက အရမ်းနောင်တရနေတဲ့အခါ အပြစ်တင်ရက်တဲ့ နှလုံးသားရယ်လို့ မရှိဘူး စိတ်ကူးဉာဏ်ကို ကစားနည်းတစ်ခုလို မျိုးဆက်တစ်ဆက်နဲ့ တစ်ဆက်ကြား လက်ဆင့်ကမ်းပေးလို့ရရင်လည်း အကောင်းသား နဂါးငွေ့တန်းအောက်မှာ အတူရှိနေရင် အမှောင်ထုကတောင် ကိုယ်တို့ရဲ့ အကြည်ဓာတ်ကို မဖျက်ဆီးနိုင်ဘူး ချစ်ရသူတွေကို မှတ်မိနေသေးသရွေ့ သေခြင်းတရားက စည်းခြားလည်း သူတို့က ဘေးနားမှာ အမြဲ ရှိနေဦးမှာ ဆက်ဆံရေးတစ်ခုမှာ တစ်ယောက်ယောက်ကတော့ အရင်လက်ကမ်းရစမြဲ လူတိုင်းက ကောင်းတယ် မင်း သူတို့ကို နှလုံးသားနဲ့ရင်းပြီး သိတဲ့အခါမှာပေါ့ သွားရမယ့် လမ်းတွေ မတူညီတဲ့အခါ နောက်ဆုံးလက်ဆောင်အဖြစ် ပေးနိုင်တာက 'ထပ်တွေ့ကြစို့'ဆိုပြီး အပြုံးနဲ့ နှုတ်ဆက်ခြင်းပဲ