-
Movie Name
-
Legend Of Fei
-
Year
-
2020
-
Generes
-
Action, Historical, Romance
-
Code
-
SC0253
-
Type
-
Series
-
Size
-
27.5 GB
-
Country
-
China
-
Description
-
Legend of Fei ဇာတ်လမ်းတွဲမှာ The Untamed ဇာတ်လမ်းတွဲမှာ
လန်ဝမ့်ကျီဇာတ်ကောင်နဲ့ တရှိန်ထိုးလူကြိုက်များလာပြီး
မိန်းကလေးပရိသတ်တွေရဲ့အသည်းစွဲဖြစ်လာခဲ့တဲ့
မင်းသားချောလေးဝမ်ရိပေါ်(ချစ်စနိုးနဲ့ Yiboလို့ခေါ်ကြ)နဲ့
ပန်းတစ်ပွင့်ရဲ့ဒဏ္ဍာရီဇာတ်လမ်းတွဲမှာ ရှောင်ကူဇာတ်ကောင်နဲ့
လူကြိုက်များလာခဲ့ပြီး ပရိသတ်တွေက ချစ်စနိုးYingလို့နာမည်ပေးထားတဲ့
ကျောက်လိရင် တို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်..
ဝမ်ရိပေါ်နဲ့ Ying တို့ပါဝင်သရုပ်ဆောင်ထားလို့ ဇာတ်လမ်းတွဲမပြသခင်ကတည်းက
စိတ်ဝင်စားမှုမြင့်တက်ခဲ့ပြီး ပရိသတ်တွေရဲ့ စောင့်မျှော်ခြင်းခံနေရတာပါ
ဒီဇာတ်လမ်းတွဲကို Tencent Video နဲ့ WeTvမှာ ဒီဇင်ဘာ၁၆ရက်နေ့မှ
စတင်ပြသခဲ့ပြီး လက်ရှိပြသထားတဲ့အပိုင်းထိ ကြည့်ရှုနှုန်းအမြင့်ဆုံးရထားပါတယ်
ဒီဇာတ်လမ်းဟာ Preist ဝတ္ထုကို ပြန်ပြောင်းရိုက်ကူးထားတာဖြစ်ပြီး
ကျိုးဖေရဲ့တဖြည်းဖြည်းကြီးပြင်းလာပြီး ဓားသိုင်းနဲ့နာမည်ကျော်သူရဲကောင်းဖြစ်လာတဲ့
ဒဏ္ဍာရီဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်
ကျိုးဖေနဲ့ ရှဲ့ယွင်တို့ရဲ့ အချစ်တွေကို အသည်းယားဖွယ်ကြည့်ရှုရမှာပါ…
ဇာတ်လမ်းအကျဉ်းကတော့
လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက သိုင်းလောကရှုပ်ထွေးချိန် သူရဲကောင်း
တောင်ဓားလီဝေးဟာ မင်းကြီးရဲ့အမိန့်အရ ဓားပြတွေကိုဝန်းရံတိုက်ခိုက်ခဲ့ပါတယ်
ဒီလိုနဲ့ တောင်စခန်း၄၈ခုပေါ်ပေါက်လာခဲ့တယ်
နောက်ပိုင်း လီဝေးဆုံးပါးသွားပြီးနောက်ပိုင်းမှာ နာမည်ကျော်မှုတွေလျော့ပါးလာခဲ့တယ်
လီဝေးရဲ့သမီးက ခေါင်းဆောင်နေရာကိုဆက်ခံခဲ့ပြီး ကျိုးရီထန်နဲ့လက်ဆက်ခဲ့ပြီး
သမီးလေး ကျိုးဖေကို မွေးဖွားလာခဲ့ပါတယ်
ကျိုးဖေ၁၃နှစ်အရွယ်မှာ ရှီးမော့မြစ်ကို မတော်တဆဖြတ်ကူးမိချိန်
အသက်အန္တရာယ်နဲ့ရင်ဆိုင်ရချိန်မှာ ရှဲ့ယွင်ရဲ့ကယ်တင်ပေးမှုကြောင့်
ဖူးစာရေစက်စတင်ခဲ့ပါတယ်…၃နှစ်အကြာမှာ ကောင်လေးနဲ့ကောင်မလေးတို့ဟာ
ဟော့ကျားပေါင်မှာပြန်ဆုံတွေ့ခဲ့ပြီး သိုင်းလောကမှာ နှစ်အတော်ကြာ
ဇာတ်မြှုပ်နေတဲ့ သိုင်းပညာရှင်တွေကို သတိထားမိစေခဲ့ပါတယ်
သူတို့နှစ်ယောက်ဟာ လူဆိုးချောင်လက်အောက်က ပေတုံသိုင်းသမား
၇ယောက်ရဲ့ လိုက်လံသတ်ဖြတ်ခြင်းကိုခံရပြီး သိုဝှက်နက်ရှိုင်းလှတဲ့
လှည့်ကွက်ထဲရောက်သွားပါတော့တယ်….
ကျိုးဖေဟာနောက်ပိုင်းမှာ ဖော့ရွှယ်ဓား သိုင်းကွက်နဲ့သိုင်းလောကမှာနာမည်ကျော်ခဲ့ပါတယ်…