Movie Name
နဂါးမယ်တော် နာခီ (Nakee) (2016)
Year
2016
Generes
Drama, Historical
Code
ST0208
Type
Series
Size
7.01 GB
Country
Thai
Description
Nakee" (2016)🐉💚 (နဂါးမယ်တော်) နာခီ ၁+၂ မြန်မာစာတန်းထိုး HD Links (အစ /အဆုံး) ဇာတ်လမ်းအကျုဉ်း မဲခေါင်မြစ်ကမ်းနားက Donmaipa ရွာလေးက ရွာသူရွာသားတွေက နာခီ (နဂါးမယ်တော် ) ကိုကိုးကွယ်ကြတယ် နာခီမယ်တော်ဘုရားကျောင်း ဆိုပြီး မြွေရုပ်အကြီးကြီးထားပြီး ကြွယ်ဝချမ်းသာကျန်းမာဖို့ ဆုတောင်းကြတယ်။ သူတို့အတွက်မြွေဖြူဟာ နာခီမယ်တော်ကိုကိုယ်စားပြုပြီး အထွတ်အမြတ်အဖြစ်ထားကြတယ် မယုံကြည်လို့ စော်ကားမိရင် သေကျေပျက်စီးရတယ်လို့လည်း အယူရှိတယ် တနေ့ ဘုရားကျောင်းမှာ ကိုယ်ဝန်ဆောင်မိန်းမတယောက်က သူ့ကလေးကောင်းမွန်စွာမွေးဖွားဖို့ ဆုတောင်းနေတယ် သူမနာမည်က Kampong ..အဲ့အချိန်မှာပဲ သူ့ယောက်ကျားမြွေဖမ်းသမား Ken က ဘုန်းကြီးပေးထတဲ့မြွေနိုင်လက်စွပ်ကို အသုံးချပြီး မြွေဖြူကိုဖမ်းပြီး နိုင်ငံခြားသားကိုရောင်းဖို့ကို လုပ်ခဲ့တယ် Kampong ဟာမြွေဖြူကနာခီမယ်တော်ကို ကိုယ်စားပြုတယ်လို့သူ့ယောက်ကျားကိုဘယ်လောက်ပြောပြော မယုံပဲဇွတ်သွားရောင်းပြီး သူ့ယောက်ကျားသေဆုံးခဲ့ရတယ် လက်စွပ်ကတော့ ဘယ်သူမှမသိလိုက်ပဲ Ken ရဲ့သူငယ်ချင်း Gawဆီရောက်သွားတယ် အဲ့အချိန်မှာပဲ Kampong က သူ့သမီးလေးကို မွေးခဲ့တယ် မွေးကင်းစလေးဆီ မြွေဖြူကြီးတကောင်လာနေတာကိုလည်းပြထားခဲ့ပါတယ်။ ၁၉နှစ်ကြာပြီးနောက် သမီးလေး Kamkaew ကလှပစွာကြီးပြင်းလာပြီး အပေါင်းအသင်းက မြွေတွေနဲ့ပေါင်းတယ် စကားပြောနေလို့ အမေ Kampongက စိုးရိမ်နေရတယ် ဒီလိုနဲ့ တက္ကသိုလ်ကျောင်းက သုတေသနကျောင်းသား/သူတစုဟာ ရွာလေးကိုရောက်လာခဲ့တယ် Thosapol ဆိုတဲ့ကျောင်းသားအပါအဝင်ပေါ့ ။ Pol ဟာအမြဲ နန်းတွင်းအဝတ်အစားနဲ့မိန်းမပျိုလေးတဦးကိုမြင်မြင်နေရတယ် သူမြင်နေရတာ ဘာလဲဆိုတာကို ဒီရွာလေးကိုရောက်တဲ့အခါ သိလာနိုင်မလား Kamkaew ကရော ဘာလို့ မြွေတွေနဲ့ရင်းနှီးနေတာလဲ လွန်ခဲ့တဲ့၁၉နှစ်ကဖြစ်ခဲ့သလို ဒီရွာလေး ဂြိုလ်ဆိုးဝင်ပြီး သေကျေပျက်စီးကြဦးမှာလား ဒဏ္ဏာရီရှိထားသလို မင်းသားတပါးနဲ့ နာခီမယ်တော်ရဲ့ အချစ်ဇာတ်လမ်း ပြန်လည်ဖြစ်တည်ပြီး ကောင်းကင်ဆန္ဒကိုလွန်ဆန်တဲ့အချစ်ဟာ ဖြောင့်ဖြူးနိုင်ပါ့မလားဆိုတာ “နာခီ (နဂါးဘုရင်မ )" ဇာတ်လမ်းတွဲမှာစောင့်မျှော်ကြည့်ရှူရ အောင် သူတို့အတွက်မြွေဖြူဟာ နာခီမယ်တော်ကိုကိုယ်စားပြု Nakee2စဆုံး (mmsub) (Nadech Yaya)