Movie Name
Savage (2019)
Year
2019
Generes
Crime, Drama
Code
EN0258
Type
Movie
Size
793 MB
Country
Hollywood
Description
Savage 2019 —————- လွန်ခဲ့တဲ့နှစ်သုံးဆယ်လောက်က နယူးဇီလန်မှာရှိခဲ့တဲ့ လူမိုက်ဂိုဏ်းတွေရဲ့ဇာတ်လမ်းကို ကျောရိုးယူရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားလေးပါ။ ဒီဇာတ်ကားရဲ့အဓိကဇာတ်လိုက်ဖြစ်တဲ့ ဒန်နီကို ကလေးဘဝ၊ လူငယ်ဘဝ၊ လူကြီးဘ၀ ဆိုပြီး သာမန်ကလေးလေးကနေ လူမိုက်ဂိုဏ်းရဲ့ဆရာကြီးဖြစ်လာသည်အထိ ဒီကားထဲမှာတွေ့မြင်ရမှာဖြစ်ပါတယ်။ အဲ့ဒီခေတ်က နယူးဇီလန် လူမိုက်ဂိုဏ်းတွေရဲ့သဘောသဘာဝကို ကွက်ကွက်ကွင်းကွင်းမြင်သာအောင် တင်ဆက်ရိုက်ပြထားနိုင်တဲ့ ဇာတ်ကားတစ်ကားပါ။ အားကြီးသူ စားစတမ်းခေတ်မှာ “Savage”(အရိုင်းအစိုင်း) ဂိုဏ်းအဖွဲ့သားဖြစ်တဲ့ ဒန်နီတစ်ယောက် ဘယ်လိုဘဝအချိုးအကွေ့တွေကြောင့် လူမိုက်ဖြစ်လာသလဲ၊ အာဏာ/သူငယ်ချင်း/မိသားစု ကြားအားပြိုင်မှုမှာ ဒန်နီတစ်ယောက် နောက်ဆုံးဘယ်အရာကိုရွေးခြယ်သွားလဲဆိုတာကို အစ၊ အလယ်၊ အဆုံး အချိတ်အဆက်မိမိတင်ဆက်သွားတဲ့ဇာတ်ကားတစ်ကားဖြစ်တဲ့အတွက် ကြည့်ပျော်ရှုပျော်ဇာတ်ကားတစ်ကားဖြစ်မှာပါ။ လူမိုက်ဂိုဏ်းကားပီပီ တစ်ကားလုံး မိုးမွှန်အောင်ဆဲနေတဲ့ ဇာတ်ကားတစ်ကားလဲဖြစ်ကြောင်း ထပ်လောင်းပြောပါရစေ။