Movie Name
Horizon Line (2021)
Year
2021
Generes
Thriller
Code
EN0260
Type
Movie
Size
791 MB
Country
Hollywood
Description
မနေ့ကပဲ ပူပူနွေးနွေးထွက်ရှိထားတဲ့ အက်ရှင် Thriller ဇာတ်ကားပါ။ ဇာတ်လမ်းအရတော့ ဆာရာက လန်ဒန်သူ နှုတ်ဆက်ခွဲခွာရခြင်းတွေကိုမုန်းလို့ တစ်ခုခုဆိုရင် % buffered 00:00 -00:07 Download Your browser does not support the video tag. နှုတ်မဆက်ပဲ ရုတ်ချည်းထွက်ထွက်သွားတတ်တဲ့သူပေါ့။ ဂျက်ဆင်ကတော့ လူဖြူဖြစ်ပေမယ့် လန်ဒန်လိုမြို့ကြီးပြကြီးတွေရဲ့ မွန်းကြပ်မှုတွေကိုမခံနိုင်လို့ မော်ရီတေးနီးယားဆိုတဲ့ အာဖရိက ကျွန်းလေးမှာ Diving School ဖွင့်ပြီး အခြေချနေတဲ့သူပေါ့။ သူတို့နှစ်ဦးချစ်သူတွေဖြစ်ခဲ့ကြပေမယ့် ဘဝတိုးတက်ရေးကိုဦးစားပေးတဲ့ဆာရာက ဂျက်ဆင်ကိုထားခဲ့ဖူးပါတယ်… မိတ်ဆွေတစ်ယောက်ရဲ့မင်္ဂလာပွဲအတွက် ဆာရာက အဲဒီကျွန်းလေးကိုပြန်ရောက်လာပြီး ဂျက်ဆင်နဲ့ အတူ လေယာဉ်တစ်စီးတည်းစီးဖို့ရာအကြောင်းဖန်လာပါတယ်။ ဖြစ်ချင်တော့ သူတို့ရဲ့ ပိုင်းလော့ဖြစ်သူက လေယာဥ◌်ပျံသန်းနေရင်း နှလုံးဖောက်ပြီးဆုံးပါးသွားတဲ့အခါမှာတော့ မောင်းသူမဲ့သွားတဲ့လေယာဥ◌်ဟာ ကျွန်းပေါ်ကိုထိုးကျခဲ့တာကနေစပြီး အဲဒီပေါ်မှာ အသက်ရှင်ကျန်ဖို့ ဘယ်လိုကြိုးစားရမလဲဆိုတာ ရင်တထိတ် ထိတ်နဲ့ကြည့်ရမှာပါ။ ဒီလို Survival Movie တွေရဲ့ကျောရိုးက မထူးဆန်းပေမယ့် လူနှစ်ယောက်တည်းနဲ့ တစ်ကားလုံးကို ဆွဲဆောင်မှုရှိရှိနဲ့ ကြည့်ရှုသူကို ပြသသွားနိုင်တာဟာ အတော်ကိုသေသပ်တယ်လို့ပြောလို့ရပါမယ်။ ဒီဇာတ်ကားလေးကိုကြည့်ရှုပေးကြပါဦး။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ May Myat Thu ပဲဖြစ်ပါတယ်။)